Tokyo Dolls Matte Lipstick Swatches

Опубликовано: 09 Июнь 2026
на канале: Phyopapa Vlogs
1,898
15

LIKE this Video if you enjoy watching
#PhyopapaBlogs

Tokyo Dolls Cosmetics Matte Lipstick Review & Swatches
💋❤💄
Hello … အားလုံးပဲ မင်္ဂလာပါနော်။
ဖြိုးပဒီနေ့တော့ Lipstick ကိုမှ အရောင်ဆန်းတယ်၊ အရောင်ထွက်အားကောင်းပြီး ဈေးတန်တဲ့ Brand ကိုမှ စိတ်ဝင်စားသူတွေ အတွက် အသင့်တော်ဆုံး Lipstick Brand လေးတစ်ခုကို မိတ်ဆက်ပေးချင်လို့ပါ။
ပြီးတော့ တစ်ခါထဲ Video လေးနဲ့အတူအရောင်ထွက်အားရော Swatches လေးတွေရော ပြထားပေးပါတယ်။

Tokyo Dolls Cosmetics ကတော့ Thai Brand တစ်ခုပါ။ သူကအခုလက်ရှိအထိတော့ Lipstick တွေကိုပဲ သီးသန့်ထုတ်လုပ်ပါတယ်။ ဖြိုးပဆီမှာ ရှိနေတဲ့ Lipstick ၅ ချောင်းကတော့ Tokyo Dolls က ထွက်ထားတဲ့ အရောင် ၁၀ ရောင်ထဲကမှ ရွေးထားတာပါ။

ဖြိုးပဆီမှာ ရှိတဲ့ အရောင်နာမည်တွေကတော့ -
Ty01 - Peach Cooler (သူကတော့ Nude လေးပါ၊ မက်မွန်ရောင် Peachy ကာလာ Nude လေးပါ။ အသားဖြူသူနဲ့ လိုက်ဖက်ပါတယ်၊ ဖြိုးပနဲ့တော့ မလိုက်ဘူး)

Ty08- Rob Roy (သူ့နာမည်ကတော့ ဆန်းတယ်၊ အရောင်ကလဲ Nude ကိုမှ Baby Pale Pink လေးပါ။ ပန်းရောင်ဖျော့လေဆိုတော့ အသားဖြူသူတွေနဲ့ လိုက်ပါတယ်။ ညိုသူတွေနဲ့တော့ အဆင်မပြေပါဘူး)

Ty02 - Jack Rose (သူကတော့ Bright Pink ကာလာလေးပါ၊ ပန်းရောင်ကိုကြိုက်သူတွေ အဆင်ပြေပါတယ်။ ပန်းရောင်ဆိုပေမယ့် စပ်ဖြဲဖြဲဖြစ်နေတာ မဟုတ်ပဲ အသားညိုသူတွေပါ ဆိုးလို့ရပါတယ် ဖြိုးပလဲ ဒီအရောင်လေးကို ကြိုက်တယ်)

Ty06 - Sex on the beach (နာမည်ကတော့ အလန်းဆိုတော့ လန့်မသွားနဲဦး၊ အရောင်ကတော့ သေလောက်အောင် လှတယ်၊ ဘယ်လိုရောင်လဲတောင် မပြောတက်တော့ဘူး၊ အုတ်ကျိုးရောင်အရင့်လေးပါ။ ဖြိုးပအကြိုက်ဆုံး လူတိုင်းနဲ့ အသားရေတိုင်းနဲ့ လိုက်ဖက်ပါတယ်)

Ty03 - Bloody Marry (သူနာမည်ကလဲ သရဲကားထဲက နာမည်ဆိုတော့ မလန့်နဲ့နော်၊ ကြက်သွေးရောင် ရင့်ရင့်လေးပါ။ ဖြိုးပနဲ့တော့ လိုက်တယ်လို့ ခံစားရတယ် အသားရောင်နဲ့ မျက်နှာကို ပိုပြီး ထင်ပေါ်စေတဲ့ အရောင်ရင့်လေးပါ။ Bold Lipstick ဆိုရတာ ကြိုက်သူတို့နဲ့ အဆင်ပြေမှာပါ။)

ဖြိုးပက အရောင်လေးတွေကို ပြောပြပြီးပြီဆိုတော့ Lipstick Review လေးပေးချင်ပါတယ်။

Packaging - ကတော့သေသပ်လှပပါတယ်၊ Lipstick တောင့်ကို ထုတ်ထားတဲ့ ဗူးလေးကအစ ပန်းရောင်လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းပါတယ်။ ဗူးခွံမှာလဲ product information, Ingredients, Lipstick ဆိုတဲ့အခါ သတိထားရမယ့် နှုတ်ခမ်းထိန်းသိမ်းနည်း Lip caring Tips လေးတွေပါ ဖော်ပြပေးထားပါတယ်။ ဗူးတွေရဲ့ အောက်ဆုံးနားမှာတော့ Lipstick အရောင်ရဲ့ နာပါတ်နဲ့ နာမည်ကို သေချာဖော်ပြထားပါတယ်။ Lipstick တောင့်လေးကတော့ အကြည်ဗူးလေးဖြစ်ပြီး ဖြိုးပအကြိုက်ဆုံးကတော့ အထဲက Lipstick အရောင်ကို မှန်မှန်ကန်ကန် မြင်ရပါတယ်။

Lipstick Quality - ကတော့ Matte Lipstick တစ်ခုအနေနဲ့ အရမ်းကိုကောင်းတဲ့အထဲပါပါတယ်။
အရောင်ထွက်အားကတော့ အရမ်းကို ကောင်းပါတယ်။ ဖြိုးပ Video ထဲမှာ ပြထားသလိုပဲလေ တစ်ချက်ထဲ ဆွဲရုံနဲ့ အရောင်ထွက်မှန်တယ်၊ အရောင်ထွက်အားကောင်းတယ်။ လက်ပေါ်မှာရော နှုတ်ခမ်းသားပေါ်မှာပါ အရောင်ထွက် အတူတူပဲ၊ ဖြိုးပနှုတ်ခမ်းပေါ်မှာလဲ တစ်ထပ်စီပဲ ဆိုးတာပါ။ အများကြီးဆိုစရာမလိုပါဘူး။

Lipstick Cream အရည်ကတော့ စစဆိုးချင်းဆို အရမ်းကို soft ဖြစ်ပြီး မိမိလိုချင်တဲ့ ပုံစံကို သေချာဆိုးလို့ရပါတယ်။ ဆိုးပြီး ၁ မိနစ်လောက်နေရင်တော့ လုံးဝခြောက်သွားပြီးတော့ အရောင်ပိုလှလာပါတယ်။ အချိန်တော်တော်ကြာကြာခံပါတယ်။
ဆိုးတဲ့အခါမှာလဲ Applicator အတံလေးရဲ့ ထိပ်လေးက soft ဖြစ်တယ်. အနံ့လေးသင်းသင်းလေးပါပါတယ်။ ဖြိုးပကတော့ ရကထဲက ဘယ်သွားသွား ဆိုးဖြစ်နေတာတော့ ဒီထဲက Sex on the beach ဆိုတဲ့ အရောင်လေးပဲဖြစ်ပါတယ်။

Weak Point - သူက Matte Lipstick ဆိုတော့ ခြောက်စေနိုင်တဲ့ အတွက် တစ်ခါတစ်လေကျရင် ဆိုးရင်းထူသွားတဲ့ အခါမျိုးကျရင်တော့ နှုတ်ခမ်းပေါ်မှာ အလိုင်းတွေ ကွဲ၇ာတွေ ဖြစ်လာတာကို သတိထားမိပါတယ်။ ဒါကြောင့် ဆိုးမယ်ဆိုရင်တော့ တစ်ထပ်ပဲဆိုးဖို့ သတိပေးချင်ပါတယ်။ Lips Balm လေးလဲခံဆိုးစေချင်ပါတယ်။
သူက Water Resistant ရှိပေမယ့် ဆီပါတာ စားမိရင်တော့ မခံနိုင်ပဲ ချက်ချင်းပျက်သွားပါတယ်။ ဖြိုးပအတွက် အဆင်မပြေတာတော့ ဒီ ၂ ချက်လေးပါပဲ ကျန်တဲ့ Lipstick Quality ကိုတော့ အရမ်းကို ကြွေမိပါတယ်ရှင်

တစ်ချောင်းကျု ၁၄၉၀၀ ကျပ်နဲ့ဝယ်ယူလို့ရပါတယ်။
ဘယ်နေရာတွေမှာ ၀ယ်လို့ရလဲဆိုတော့ -
ToToRo Fashion & Cosmetic Shop (Head Office)
095322680
အမှတ် ၁၁၊ မြေညီ၊ သြဘာလမ်း၊ ကျောက်မြောင်း (သီတာမှတ်တိုင်အနီး)
Open Daily 9 am to 8 pm

MiMi Shop
အမှတ် ၁၇၊ မြေညီ၊ ရှင်စောပုဘုရားလမ်း၊ မြေနီကုန်း City Mart အနောက်ဘက်ကားပါကင်လမ်းသို့ဝင်ပါ
Open Daily 9 to 8 pm

Amara Beauty Collection
Shop 1: အမှတ် ၅၉၊ မလွှကုန်းလမ်း၊ ကျောက်မြောင်း၊ တာမွေ
Ph: 01548180 (Open Daily: 10 am - 9 pm)
Shop 2: ဆိုင်အမှတ် ၁၂၊ ဗိုလ်ချုပ်ဈေးသစ်၊ Junction City၊ မြေညီ
Ph: 09262001155

Clover Branch 1
Room F-D6, 1st Floor, AKK Shopping Center, Thingankyun Lay Htoung Gan Road, Thingankyun Tsp, Yangon
Ph: 09 250 893304

Clover Branch 2
Room 01-18, 19, 1st Floor, Hledan Center, Corner of Pyay Road & Hledan Road, Kamayut Tsp, Yangon
Ph: 09 783593304

Clover Branch 3
Beauty Zone, Shop (1) Level-2, City Mall, Corner of Pyay Road & Min Ye Kyaw Swar Road, Lanmadaw Tsp, Yangon
Ph: 09 785484057

Iris beauty essentials
09766940039
သုဝဏ္ဏ ကမာကြည်လမ်းမကြီးပေါ် သင်္ဃန်းကျွန်း

Allure
09767135198, 09970061055
အင်းစိန်လမ်းမကြီးပေါ်စံရိပ်ငြမ်ဂမုန်းပွင့် ဒုတိယထပ်

Allure
09262227011
ပုလဲကိန်ဒိုအဆောင်D မြေညီထပ် အခန်း No23 ဗဟန်းမြို့နယ်

Hair By lynn
72 လမ်း 39/40 ကြား မန္တလေးမြို့
Ph 09962096333

Thwe Thwe Lwin
အမရပူရမြို့နယ် မန္တလေးမြို့
Ph 09776813408

Mon Cosmetic Store
ချမ်းအေးသာဇံ၊ မန္တလေးမြို့
Ph: 09792016200, 09250906200

ကဲ … ဖြိုးပတော့ သဘောကျနေပြီး တစ်ကယ်လဲ လှတဲ့အရောင်လေးတွေ ရှိတဲ့ Tokyo Doll Lipsticks လေးတွေကို Try ကြည့်ချင်သူတို့တွက် ဖြိုးပရဲ့ ဒီ Review လေးနဲ့ Video လေးက အကူညီပေးနိုင်မယ်လို့ မျှော်လင်ပါတယ်နော်။
ချစ်တဲ့
#PhyopapaBlogs