စစ်ကောင်စီတပ်သားတွေ ထီးလင်းမြို့နယ်နှင့်ကျောက်ထုမြို့နယ်ကြားရှိ ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထီးလင်းမြို့ပေါ်သို့ အင်အားပူးပေါင်းသွား (ရုပ်/သံ)
ဇွန် ၂၃၊ ၂၀၂၄
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေအောင်သာအထိုင်တပ်စခန်းကို ဇွန်လ ၁၉ ရက်က မီးရှို့ဖျက်ဆီးပြီး ထီးလင်းမြို့မှ လာကြိုတဲ့ စစ်ကြောင်းနဲ့ အကြမ်းဖက်စစ်သားတွေ ပူးပေါင်းပြီး ထီးလင်းမြို့သို့ အင်အားပူးပေါင်းသွားတယ်လို့ Yaw Revolution Army-ထီးလင်းအဖွဲ့ထံက သိရပါ တယ်။
ဇွန်လ ၂၁ ရက်က ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းနှင့် မဟာမိတ်တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်းပြီး ရွှေအောင်သာအထိုင်တပ်စခန်းကို နယ်မြေရှင်းလင်းရေးဆောင် ရွက်ခဲ့တယ်လို့ သိရပါတယ်။