🎯 ArcMap ထဲမှာ Extract by Mask Tool ကို အသုံးပြုပြီး Raster Data ကို Mask Layer နဲ့ Clip လုပ်နည်းကို လေ့လာလိုက်ပါ။
#ArcMap #ExtractByMask #GIS #ArcGIS #SpatialAnalysis
ဒီသင်ခန်းစာမှာ GIS Beginner, Student, Professional များအတွက် အဆင့်လိုက်ရှင်းပြထားပါတယ်။
✅ ဤဗီဒီယိုထဲမှာ သင်လေ့လာမယ့်အကြောင်းအရာများ -
Raster အား Mask ပြလုပ်မည့် Layer အားတည်ဆောက်နည်း
Extract by Mask Tool အလုပ်လုပ်ပုံ
အဆင့်လိုက် Extraction လုပ်နည်း
👍 အသုံးဝင်တယ်ဆိုရင် Like
💬 မေးချင်တာများ Comment
🔔 GIS & ArcMap သင်ခန်းစာများအတွက် Subscribe လုပ်ထားပါ
Extract by Mask ဆိုတာဘာလဲ?
ArcMap (Spatial Analyst extension) ထဲက Raster Processing Tool တစ်ခု ဖြစ်ပါတယ်။ Raster dataset ထဲက pixel values တွေကို mask (polygon shape သို့မဟုတ် raster mask) နဲ့ တိတိကျကျ ဖြတ်ထုတ်ပေးခြင်းဖြစ်ပါတယ်။ အဓိက Mask အဖြစ် သတ်မှတ်ထားတဲ့ boundary အတွင်းက data ကိုပဲ ထုတ်ယူပေးတာဖြစ်ပြီး Mask အပြင်ဘက်မှ ဧရိယာသည် NoData ဖြစ်နေမယ်။
Extract by Mask ကို ဘာအတွက် အသုံးပြုတာလဲ?
GIS project တစ်ခုမှာ Raster dataset တစ်ခုက ဧရိယာအကျယ်ကြီးဖြစ်နေရင် သို့မဟုတ် မလိုအပ်တဲ့ နေရာတွေအများကြီးပါရင် ကိုယ်အသုံးပြုမယ့် ဧရိယာအကျယ်အတိုင်း လိုသလောက် crop ပြုလုပ်ချင်တဲ့ အခါမှာ အသုံးပြုပါတယ်။
ဘာတွေ သတိထားရ မှာလဲ?
• Spatial Analyst Extension ကို enable ပြုလုပ်ထားရမယ် မဟုတ်ရင် Tool သုံးလို့မရဘူး။
• Mask data ရဲ့ coordinate system နဲ့ input raster ရဲ့ coordinate system တူဖို့လိုတယ် (မတူရင် ArcMap က အလိုလျောက် project ပြန်လုပ်ပေးမယ်, ဒါပေမဲ့ processing ကြာနိုင်တယ်)။
• Mask Layer ရဲ့ အကျယ်က Raster Layer ထက် ဧရိယာ ပိုကျယ်နေရင် raster အပြင်ပိုင်းများသည် NoData ဖြစ်ပေါ်နိုင်တယ်။