အားနာပေမယ့် ~ Lian Lian
၃-နိုဝင်ဘာ-၂၀၂၄
Composer : James Joshua
ကျွန်ုပ်ကို ကိုယ်တော်သန့်ရှင်းစေ
လူတွေအတွက်တော့
ကျွန်ုပ်ရဲ့ ဒီနှလုံးသား
သုံးမရတော့ပေမယ့်
ကိုယ်တော်ဆွဲထူတယ်
မျှော်လင့်ချက်တွေပျောက်ဆုံးကာ
မှောင်မိုက်ထဲကကျွန်ုပ်ကို
ကိုယ်တော်အသွေးနဲ့ရွေးဝယ်ခဲ့
တကယ်ကိုအားနာတယ်
အပြစ်သားကျွန်ုပ်ရဲ့အသက်သာထဲ
ပြည့်စုံတာမရှိသော်လည်း
ကိုယ်တော်ရဲ့ပေးဆပ်မှုတွေအတွက်
ကြိုးစားကာအသက်ရှင်လည်း
ဘယ်လိုမှအရာမရောက်ခဲ့တဲ့အတွက်
သခင်ရှေ့မှောက်ပြန်ခဲ့ ကိုယ်တော့်ကိုကိုးစားပါတယ်..
အို..အားနာပေမဲ့သခင်
ကိုယ်တော်မရှိရင် တစ်ယောက်ထဲ
မဖြစ်နေတယ်
ကျွန်ုပ်ကို အစဥ်အဖော်ပြုပေးတယ်
ဒီလောကထဲ မေးခွန်းတွေအားလုံးရဲ့ အဖြေဟာ
ယေရှုခရစ်တော်ပဲ
ကိုယ်တော်လမ်းပြတယ် သေမင်းရဲ့ အမှောင်ချိုင့်ဝမ်းသို့
လျှောက်သွားရသော်လည်း
ကျွန်ုပ်၏အလင်းကိုယ်တော်ပဲ
မစိုးရိမ်ပါနဲ့ သင့်အပြစ်ကိုငါ
ဖြေလွှတ်ခဲ့ပြီပဲ သင့်ကိုငါရွေးချယ်တယ်
သင်အမိဝမ်းထဲ မရှိစဥ်ထဲက
ငါသန့်ရှင်းစေပြီး
လူအမျိုးမျိုးမြေကြီးစွန်းတိုင်အောင်
ပိုင်ထိုက်သောအခွင့်လဲ ငါပေးခဲ့ပြီပဲ
ငါ၏ကျေးဇူးတော် သင့်အဖို့လုံလောက်တယ်။