Scribd မှာ eBooks, Audiobooks ပေါင်း တစ်သန်းကျော်ရှိပြီး Documents ပေါင်း သန်း ၆၀ ကျော် ရှိပါတယ်။ Scribd က သူ့ကိုယ်သူ "ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ် လိုက်ဘရယ်ရီ" လို့ ကြွားထားပါတယ်။ Scribd ကို "စာအုပ်တွေရဲ့ နက်ဖလစ်ခ်စ်" (the Netflix for books) လို့လည်း တင်စားကြပါသတဲ့။
Scribd တစ်လစာ membership ကို USD 8.99$ သတ်မှတ်ထားပါတယ်။ ပုံမှန် Free trial အနေဖြင့် ရက်ပေါင်း (၃၀) အခမဲ့ဖတ်ခွင့်ပေးထားပါတယ်။ Scribd ကို ကွန်ပျူတာ Browser, Android ဖုန်း, iOS ဖုန်း မိမိ ကြိုက်ရာနဲ့ သုံးလို့ ရပါတယ်။