ဂျပန်နိုင်ငံ Yokohama မြို့မှာ Kaiju အကောင်ကြီးပေါ်လာလို့ Kaiju ရှင်းလင်းရေးအဖွဲ့ ၃ နဲ့အဖွဲ့ခေါင်းဆောင် Mina က Kaiju ကိုရှယ်တီးပစ်လိုက်တယ်။ အကောင်ကြီးရဲ့ကိုယ်ကို Kafka နဲ့သူ့အဖွဲ့သားတွေကရှင်းလင်းကြတယ်။ တကယ်တော့ Kafka နဲ့ Mina တို့ဟာငယ်သူငယ်ချင်းတွေဖြစ်ပြီး Kaiju တွေကိုအတူတီးမယ်လို့ကတိပေးခဲ့ကြဖူးတယ်။ နောက်ရက်အလုပ်ရောက်တော့ Reno နဲ့တစ်ဖွဲ့တည်းကျလို့အတူတူလုပ်ကြတယ်။ ပြန်ခါနီးစကားပြောနေတုန်း Kaiju ရောက်လာလို့ Kafka လည်း Reno ကိုပြေးဖို့ပြောရင်း သူကတော့ Kaiju နဲ့ရင်ဆိုင်တယ်။ သူလစ်ခါနီးမှာ Mina ကယ်လိုက်လို့ ဆေးရုံရောက်သွားပြီး အဲ့ညမှာပဲဆေးရုံမှာ Reno နဲ့စကားပြောနေတုန်း Kafka ရဲ့ ပါးစပ်ထဲကို Kaiju ဝင်သွားလို့ Kaiju ဖြစ်သွားပုံကိုတင်ဆက်ပေးထားပါတယ်။
/ animaskmm
#animask #anime #kaiju