Steel Column နဲ့ main beam ကို Connection ပေးတဲ့အခါ column flange ဘက်မှာ တမျိုး၊ column web ဘက်မှာ တမျိုးဆိုပြီး ခွဲစဥ်းစားလို့ ရပါတယ် (Structural Drawing ပါရင်တော့ Drawing မှာ ပါတဲ့အတိုင်း ဆွဲပေးရုံပါဘဲ).
-ဒီသင်္ခန်းစာမှာတော့ Column web နဲ့ main beam ကို Two Sided End Plate နဲ့ ဆွဲပြပေးထားပါတယ်။
Main Beam နဲ့ Secondary Beam ဆက်သွယ်ဖို့အတွက်သုံးတဲ့ Shear Connectionကို နောက်သင်္ခန်းစာမှာ အဆင်သင့် တပ်ဆင်လို့ရအောင် Shear Connection အချက်အလက်တွေ ကြိုတင်ထည့်ထားပြီး အဆင်ပြေပြေ ဆွဲပြပေးထားပါတယ်။
Column web နဲ့ main beam ဆက်သွယ်ရာမှာ နှစ်မျိုးစဥ်းစားပြီး ထည့်သွင်းရတာ ဖြစ်တဲ့ အတွက် အပိုင်းနှစ်ပိုင်းခွဲပြီး ပြောဖို့စဥ်းစားကာ ပထမပိုင်းက တင်ထားတဲ့ End Plate ထည့်ပြီး Connection ပေးတဲ့ အပိုင်းရယ်၊ အခုအပိုင်းမှာတော့ Two sided end plate သုံးပြီး Connection ပေးတဲ့အပိုင်းဆိုပြီး ခွဲတင်ပေးထားပါတယ်။
နောက်ပိုင်းသင်္ခန်းစာနဲ့ ဗဟုသုတ ဆက်စပ်တာတွေကို သတိတရဖြစ်အောင် တင်ပေးဖို့ Telegram Channel လေးလုပ်ထားပါတယ်။
အဆင်ပြေရင် Join ထားလို့ရပါပြီ။
https://t.me/jrcivilengrnote