နွေ - klive, zenith, s lynn

Опубликовано: 12 Август 2026
на канале: zenithlovesdaisy
196,110
2.2k

mixing & mastering by wonderland
photography by pyaesone

lyric

ငါတို့ရဲ့ နေ့ရက်များဟာ ယောင်းသွေ့လို့လာ
တောင်လေရူး နှင်ရာ လူးလွင့် မျောပါသွားတဲ့ ရွက်ဝါလေးများပမာ
ကန်၊မြစ်၊ချောင်း၊ စိမ့်စမ်းများဆီမှ ရေစက်လေး တစ်ချို့ဟာ
တစ်ချိန်မှာ မိုးအဖြစ် အေးချမ်းစေဖို့ရာ အပူခံကာ ငွေ့ရည်ဖွဲ့နေရှာ

တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
တံလျှပ်တွေသာ ပြေးလွှား
ဒီလူတွေဟာ ဖျားမြဲ ဖျား
ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
ရေခဲစိုင်များလား ငါတို့ အိပ်မက်များလား
မရေရာ

အဝါရောင်ပြောင်းသွားတဲ့သစ်ရွက်ကလေးတွေ
မွေးဖွားရာသစ်ပင်အကိုင်းအခက်ဆီမှမြေလွှာပေါ်သို့အတင်းထွက်ပြေးနေ
အေးစက်ခြင်းနဲ့မတူကွဲပြားတဲ့အငွေ့သက်လေးတွေ ကျေးငှက်ကလေးတွေရဲ့သီဆိုသံလေပြေထဲတရွေ့ရွေ့မျောလွင့်လို့အနွေးဓာတ်ပေးနေ
စောစီးစွာကျရောက်တဲ့မနက်ခင်းတွေ
နေရောင်ခြည်ဓာတ်အလင်းတွေ မြေပြင်ပေါ်သက်ဆင်းကြွေ
ပန်းပေါင်းစုံပွင့်တဲ့ရာသီ အလှတရားကိုဖန်ဆင်းစေ တိတ်ဆိတ်ခြင်းဟာလည်း ဒီရာသီရဲ့ဂုဏ်သတ္တိကိုတဖက်တလမ်းကအသက်သွင်းနေ
နွေဥတုရဲ့ကောင်းကင်ယံ ကြယ်ရောင်စုံထွန်းလင်းတောက်ပလို့ လင်းလက်နေတာ
အလင်းရောင်များ အခမဲ့ဖြန့်ကြဲနေ ဒီနွေရာသီဟာ

ကန်ရေပြင်ဟာခမ်းခြောက်ကူးပြောင်းသွားတယ်ကစားကွင်းအဖြစ်
အပ်ချည်ကြိုးတန်းလန်းနဲ့စွန်လေးဝေဟင်မှာပျော်ပါးရင်းလွင့်
ညနေဆောင်းရင်းရောင်နီသန်းတဲ့နေဝင်ချိန်တွေလှမ်းလို့ကြည့်မယ်
ဘာကြောင့်မှန်းမသိ အရင်လိုဘဲ ဒီနွေမှာလဲအလွမ်းပိုမိတယ်တကယ်

တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
တံလျှပ်တွေသာ ပြေးလွှား
ဒီလူတွေဟာ ဖျားမြဲ ဖျား
ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
ရေခဲစိုင်များလား ငါတို့ အိပ်မက်များလား
မရေရာ

လွမ်းဆွတ်တမ်းတစရာတွေများနဲ့နွေရာသီပါ မရောက်ဖြစ်ကြာတဲ့စာသင်ခန်းလဲဖုန်တက်နေတာသေချာပြီကွာ အခန်းဒေါင့်ကပြန့်ကျဲနေသောနေကြာစိများမှာအဖြေများရှိမလား ဖွက်ထားတဲ့အလွမ်းတွေနေကြာပန်းကလေးတွေမှာဖွေရှာကြည့်ပါ

တစ်ခါ နွေရာသီကို ရောက်ခဲ့ပြန်ပေါ့ကွာ
အရင်နှစ်လိုပါပဲလား
ဒီလူတွေဟာ ဖျားမြဲ ဖျား
ကမ္ဘာဟာ ဖျားမြဲ ဖျားနေတာ
ပင်လယ်ပြင်ထဲကို ပျော်ဝင်သွား
ရေခဲစိုင်များလား ငါတို့ အိပ်မက်များလား
မရေရာ

=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

►Subscribe to zenithlovesdaisy Youtube Channel for official music videos and live performances.

Official YouTube Channel -    / @zenithlovesdaisyofficial  

Listen to zenithlovesdaisy Songs

letter i -    • letter i - zenith (prod. splashgvng & sain...  

letter ii -    • letter ii - zenith (prod. splashgvng)  

ကမ္ဘာကြီးရဲ့ အလေးချိန်များ -    • ကမ္ဘာကြီးရဲ့ အလေးချိန်များ - zenith (prod....  

come here -    • come here - zenith (prod. cracky)  

i saw you in my dream -    • i saw u in my dream - zenith (prod. jewelr...  

a song for everyone -    • a song for everyone - zenith (official audio)  

crying season -    • crying season - zenith & JIXK GABBY (offic...  

►Follow zenithlovesdaisy on Social Media
Facebook :   / zenithlovesdaisy  
Instagram :   / zenithlovesdaisy  

►Listen zenithlovesdaisy on Streaming Platforms
Spotify : https://bit.ly/3AofPrN
Apple Music :   / zenithlovesdaisy  
#zenithlovesdaisy#klive#slynn#nway#နွေ