🤝 နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေနဲ့ အကျိုးရှိစေမယ့်အတွေးအမြင်များနဲ့အတူ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့အကြောင်းအရာများကို အချင်းချင်းမျှဝေပေးပြီး ဆွေးနွေးသွားခဲ့ကြတဲ့ ☕️ “𝐁𝐫𝐞𝐚𝐤𝐟𝐚𝐬𝐭 𝐰𝐢𝐭𝐡 𝐃𝐚𝐢-𝐢𝐜𝐡𝐢” Talk Show Program မှ တကယ့်အောင်မြင်မှုရဲ့နောက်ကွယ်က အိပ်မက်များကိုဖန်ဆင်းခြင်း အနုပညာများကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်ရှင် ❤️🇲🇲😇
" အရှုံးကို ရင်မဆိုင်ရဲတဲ့သူအတွက် အနိုင်ဆိုတာရှိလာမှာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ အရှုံးတွေ၊ ဝေဖန်မှုတွေ၊ စိန်ခေါ်မှုတွေကို ယုံကြည်ချက်ရယ် ကြိုးစားမှုရယ် သင်ယူမှုရယ် နောက်မဆုတ်ဘဲရှေ့ဆက်မှုတွေကနေတစ်ဆင့် အောင်မြင်မှုအိပ်မက်ကိုရောက်အောင်သွားရမှာက ကျွန်မတို့ တာဝန်ပါ။ "
⭐ မပို့ပို့ကြည်
𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐨𝐟 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐦𝐩𝐞𝐫𝐢𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 🇲🇲
-----------------------------------------------
" ကိုယ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အခွင့်အလမ်းကောင်းတွေအဖြစ်ပြောင်းလဲနိုင်ဖို့အရေးကြီးပါတယ်။ ဘယ်တော့မှနောက်မဆုတ်ဘဲ ရှေ့ကိုချီတက်နေမှသာ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါရှင် “
⭐ မဇာခြည်တင်
𝐂𝐄𝐎, 𝐃𝐚𝐢-𝐢𝐜𝐡𝐢 𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 🇲🇲
-----------------------------------------------
“ ကြိုးစားအားထုတ်မှုကို သူများထက် နှစ်ဆလုပ်ပါ။ ကိုယ့်ရဲ့အလုပ်အပေါ်မှာ လုံလ၊ ဝီရိယ၊ အချိန်၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေနဲ့အတူ ကိုယ်ဖြစ်အောင်လုပ်မယ်၊ ရအောင်လုပ်နိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ရှေ့ဆက်ပါ။ "
⭐ ကိုနိုင်းနိုင်း
အနုပညာရှင် 🇲🇲
-----------------------------------------------
“ ဘယ်လိုအခက်အခဲတွေ့တွေ့ အရှုံးမပေးနဲ့ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော် တည်ဆောက်ပါ။ အောင်မြင်မှုကိုထိန်းသိမ်းဖို့ထက် ဒီထပ်ပိုပြီးအောင်မြင်တဲ့ အိပ်မက်ပန်းတိုင်ကိုရရှိအောင် မရပ်တံ့ဘဲ ရှေ့ကိုဆက်လျှောက်နေဖို့ အရေးကြီးပါတယ် "
⭐ ကိုအောင်လအန်ဆန်း
𝐖𝐨𝐫𝐥𝐝 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐢𝐧 𝐎𝐧𝐞 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 (𝐁𝐫𝐚𝐧𝐝 𝐀𝐦𝐛𝐚𝐬𝐬𝐚𝐝𝐨𝐫 𝐨𝐟 𝐃𝐚𝐢-𝐢𝐜𝐡𝐢) 🇲🇲
-----------------------------------------------
“ ကိုယ်ဝါသနာပါပြီး ကိုယ်ဖြစ်ချင်တဲ့အရာတွေကို plan သေချာဆွဲပြီး ဦးစားပေးလုပ်ဆောင်တဲ့အခါ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျတဲ့အတွက် အခက်အခဲဆိုတာ မရှိတော့ပါဘူး "
⭐ ကိုအန်ဒီ
𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐓𝐫𝐚𝐢𝐧𝐞𝐫 (𝐌𝐨𝐝𝐞𝐫𝐚𝐭𝐨𝐫) 🇲🇲
-----------------------------------------------
🌻📚❤️ ဒီစကားဝိုင်းလေးမှာ ကျွန်မတို့ Myanmar Imperial University ရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ပို့ပိုကြည်က အောင်မြင်မှု အိပ်မက်တွေရဲ့ နောက်ကွယ်က စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေအကြောင်း
✅ သူမရဲ့ ဘဝမှာ အသက် ၁၈ နှစ်ကနေ ခုချိန်ထိ ခဏခဏတွေ့ရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ချိန်မှာ ဘယ်လိုရင်ဆိုင်လဲ?
✅ အလုပ်စလုပ်တဲ့ အသက် ၁၈ နှစ်ကနေ အခု ၃၆ နှစ်ထိ ၁၈ နှစ်မှာ ရခဲ့တဲ့ အတွေး အခေါ်နဲ့ ခံယူချက်?
✅ ဘဝမှာ မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးလို့ လူတွေ ပြောတဲ့စကားတွေကို ဘယ်လို ယုံကြည်မှု အိပ်မက် ခံယူချက်တွေနဲ့ ကျော်ဖြတ်သင့်လဲဆိုတာတွေ ဆွေးနွေးခဲ့ပါတယ်ရှင် 😇
🙏🏻❤️ မပို့ နှင့်အတူ Dai-ichi Life Insurance Myanmar ရဲ့ CEO မဇာခြည်တင်၊ ပြည်သူ့အချစ်တော် အနုပညာရှင်ဖြစ်တဲ့ သရုပ်ဆောင် ကိုနိုင်းနိုင်း၊ MMA World Champion တစ်ဦးဖြစ်တဲ့ ကိုအောင်လအန်ဆန်း တို့နဲ့အတူ ကိုအန်ဒီမှ Moderator အနေနဲ့ ☕️ “𝐁𝐫𝐞𝐚𝐤𝐟𝐚𝐬𝐭 𝐰𝐢𝐭𝐡 𝐃𝐚𝐢-𝐢𝐜𝐡𝐢” Talk Show Program လေးမှာ လူငယ်တွေအတွက် အတွေ့အကြုံကောင်းများ၊ ဘဝအတွက်ကြုံတွေ့ရမယ့်အခက်အခဲများကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်းများကို စိတ်ဝင်စားဖွယ်ဝေမျှဆွေးနွေးပေးသွားခဲ့ပါတယ်။ ❤️😇
🇲🇲 ဘဝမှာ အောင်မြင်မှုကို အခက်အခဲနဲ့စိန်ခေါ်မှုတွေကို မရင်ဆိုင်ဘဲ ပိုင်ဆိုင်ချင်လို့မရပါဘူး ❤️😇
အောင်မြင်နေတဲ့သူတွေကြည့်လိုက်ရင် ပျော်နေတယ်ကံကောင်းတယ်လို့ဘဲ သုံးသပ်ကြပေမယ့် တကယ့်အောင်မြင်မှုရဲ့နောက်ကွယ်က အိပ်မက်များကိုဖန်ဆင်းခြင်း အနုပညာကို လေ့လာကြည့်လိုက်တဲ့အခါ.....
🌻📚❤️ Resilience ခံနိုင်ရည်စွမ်းအင်တွေနဲ့ ရှေ့ဆက်ရဲတဲ့သတ္တိ, Hard Work အလုပ်ကြိုးစားမှု နဲ့ Focus အာရုံစူးစိုက်မှုတွေ က အိပ်မက်တွေကို ဖန်ဆင်းပေးနိုင်စွမ်းရှိပါတယ်ရှင် 🇲🇲📚
အောင်မြင်မှု အိပ်မက်တွေရဲ့ နောက်ကွယ်က စိန်ခေါ်မှုတွေနဲ့အခက်အခဲတွေ ကြိုးစားမှုတွေ မျက်ရည်တွေ နာကျင်မှုတွေ ခွင့်လွှတ်သည်းခံမှုတွေရှိပါတယ်ရှင် ❤️🇲🇲
ချစ်တဲ့
မပို့ ❤️
Myanmar Imperial University 🇲🇲
#MIU_DreamsforSuccess_အိပ်မက်မက်ပါ_TalkSeries❤️
----------------------------------------------
အိပ်မက်တွေအတွက် ကြိုးစားနေတဲ့မြန်မာလူငယ်တွေအားလုံးအတွက် ရည်ရွယ်ပြီး MIU_DreamsforSuccess အစီအစဥ်လေးကနေ ဝေမျှမှုတွေကိုလည်း အမြဲစဉ်ဆက်မပြတ် ပြုလုပ်ပေးသွားမှာဖြစ်လို့ MIU Channel လေးကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော် ❤️🙏🤝👇👇
https://www.youtube.com/channel/UC9qz...
မြန်မာလူငယ်တွေအတွက် ပညာရေးကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းဖို့ အကောင်းဆုံးကြိုးစားနေတဲ့ ဝေမျှမှုတွေ ၊ ပညာရေးအစီအစဥ်တွေ၊ Scholarship အစီအစဥ်တွေများစွာကိုလည်း အသေးစိတ်အချက်အလက်တွေနဲ့အတူ MIU Facebook Page နဲ့ Poht Poht Kyi - ပို့ပို့ကြည် Facebook Page လေးမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်နော် ❤️🙏🤝👇👇
/ myanmarimper. .
/ pohtphotkyi
#အိပ်မက်မက်ပါ
#အိပ်မက်များကိုယုံကြည်ပါ
#အိပ်မက်များကိုအကောင်အထည်ဖော်ပါ