🕹️Windows Desktop ဆိုတာ Windows Computer အတွက်အဓိကအလုပ်လုပ်ပေးတဲ့ virtual workspace တစ်ခုဖြစ်ပြီ: အဲ့ဒီအပေါ်မှာ User တွေအတွက် Program,Files နှင့် Folder တွေကို စုစည်းထားနိုင်ပြီးတော့ အလွယ်တကူရှာဖွေ အသုံးပြုလို့ရအောင် စီစဥ်ပေးပါတယ်။
🕹️Windows Desktop ဟာ ပုံမှန်အားဖြင့် အပြင်မှာအသုံးပြုတဲ့ စားပွဲနှင့် ပုံစံတူပြီးတော့ ကိုယ်လိုအပ်တဲ့ documents တွေ tools တွေကို တစ်စုတစ်စည်းတည်း ထားပြီးသုံးလို့ရပါတယ်။
🕹️Computer ကို ပထမဆုံး Login ဝင်လိုက်ပြီဆိုတာနှင့် Computer ၏ primary screen အဖြစ်မြင်ရမှာဖြစ်ပြီး Windows Desktop ကနေတဆင့် ကိုယ့်ရဲ့ application တွေကို အလွယ်တကူရှာဖွေပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။
🕹️Windows Desktop ရဲ့အဓိက အချက်အလက်တွေကတော့ Visual Representation ဖြစ်ပါတယ်။ ကိုယ့်ရဲ့ files, folders နှင့် programs တွေ အကုန်လုံးကို icon တွေအဖြစ် ဖော်ပြပြီးတော့ အလွယ်တကူအသုံးပြုလို့ရအောင် တည်ဆောက်ပေးထားပါတယ်။
🕹️Windows Desktop မှာနောက်တစ်ခုပါရှိတာကတော့ Taskbar ဆိုတာပါရှိပါတယ်။ Taskbar ကတော့ Windows Desktop ရဲ့အောက်ခြေဖက်မှာရှိပြီး Taskbar ပေါ်မှာ ကိုယ်အမြဲတမ်အသုံးပြုလေ့ရှိတဲ့ programs တွေ System Functions တွေတော်တော်များကို Taskbar ပေါ်မှာရှာဖွေပြီးအသုံးပြုနိုင်ပါတယ်။
🕹️Work area ဆိုတာကတော့ desktop ပေါ်မှာတွေ့ရတဲ့ အဓိကနေရာဖြစ်ပြီး ထိုအပေါ်မှာ ကိုယ်အသုံးပြုမယ့် items တွေကို နေရာချထား သေချာစီစဥ်ပြီး အသုံးပြုနိုင်ပါတယ်။ ထို့ကြောင့် desktop ကိုအသုံးပြုခြင်းအားဖြင့် ကိုယ့်ရဲ့ အလုပ်ကို တွင်တွင်ကျယ်ကျယ်ပြီးမြောက်စေနိုင်မှာ ဖြစ်ပါတယ်။
🕹️Windows Desktop ကို access point တစ်ခုလို့လည်းပြောလို့ရပါတယ်။ Computer ကိုစတင် Login ဝင်လိုက်တာနဲ့ ပထမဆုံးမြင်ရတဲ့နေရာ ဖြစ်ပြီး Computer ကိုစတင်အသုံးပြုရမယ့် နေရာလည်း ဖြစ်ပါတယ်။
🕹️Micrsoft Windows Desktop ကို Microsoft Windows 95 မှာ စတင်ပါရှိလာပြီးတော့ ယခုအချိန်ထိထွက်ရှိတဲ့ Microsoft Windows Version တိုင်းမှာပါရှိလာတာဖြစ်ပါတယ်။
Windows Desktop ဟာ ဘာနဲ့ အလားသဏ္ဍာန်တူသလဲဆိုတော့ ယခုလက်ရှိကာလမှာ အသုံးပြုနေကြတဲ့ smartphone, table တွေရဲ့ home screen နဲ့ တူပါတယ်။
🕹️ပထမဦးဆုံး GUI (Graphical User Interface) desktop ကို "Desktop" ဆိုပြီးတော့ developer Gorge Pake ကစတင်ခဲ့ပါတယ်။ သူကတော့ Xerox Company က researcher တစ်ယောက်ဖြစ်ပြီးတော့ သူကနေ Laser Printer တွေ GUI (Graphical User Interface) တွေကို စတင်ခဲ့တဲ့သူဖြစ်ပါတယ်။ ထိုကဲ့သို့ တီထွင်ခဲ့သော GUI (Graphical User Interface) တွေကို ယခုအချိန်အထိ Standard စံနှုန်းအဖြစ် အသုံးပြုနေကြတာဖြစ်ပါတယ်။
🕹️Windows Desktop ပေါ်မှာ ကိုယ်အသုံးပြုနေတဲ့ Program တွေအကုန်လုံးကို Minimize လုပ်ချင်တယ်ဆိုရင် (Windowd Key နှင့် D ) ကိုနှိပ်ပြီး Minimize လုပ်လို့ရတဲ့အပြင် Windows မှာပါတဲ့ Aero Peek system ကိုအသုံးပြုပြီးလည်: လုပ်လို့ရပါတယ်။ (Windows Key နှင့် D) ကို ထပ်နှိပ်လိုက်လျှင်လည်း ကိုယ် Minimize လုပ်ထားတဲ့ Progarm တွေအကုန် ပြန်ပေါ်လာမှာဖြစ်ပါတယ်။
🕹️Windows Desktop မှာပါတဲ့ Aero Peek system အသုံးပြုလို့မရဘူး၊ ပိတ်ထားတယ်လို့ ပြန်ဖွင့်ချင်တယ်ဆိုရင် Settings , Home အောက်က Taskbar ထဲမှာရှိတဲ့ Use Peek to preview the desktop ဆိုတာကို on လိုက်ရင် Windows ရဲ့ Aero Peek system ကိုအသုံးပြုလို့ရပါပြီ။
🕹️Windows မှာ Virtual Desktop တွေ Create လုပ်လို့ရပါတယ်။ Desktop တစ်ခု ထပ်ပြီး Create လုပ်ချင်တယ်ဆိုရင် (Windows Key + Control Key (Ctrl) + D) ကို နှိပ်ပြီးနောက်ထပ် Desktop ကို Create လုပ်လို့ရပါတယ်။Desktop create လုပ်ထားတဲ့ Desktop တွေကို ပြန်ပြီး ကြည့်ချင်တယ်၊ ရွေးချယ်ချင်တယ်ဆိုရင် (Windows Key နှင့် Tab) ကိုနှိပ်ထားပြီး ကိုယ် create လုပ်ခဲ့တဲ့ Desktop တွေကိုပြန်လည်ရွေးချယ်ပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။
Knowledge Sharingလေးတွေကို အပတ်စဉ်တင်ပေးသွားမှာမို့ စဉ်ဆက်မပျက် လေ့လာလို့ရအောင် EROS Page ကို Like လုပ်ထားလို့ရသလို Post လေးကိုလည်း Like & Share လေးလုပ်ခဲ့ပေးပါအုံးခင်ဗျ 🙏
💻ကွန်ပျူတာ သင်တန်းတွေ တက်ဖို့လိုအပ်ခဲ့ရင် အခြေခံကနေစပြီး လုပ်ငန်းခွင်ဝင်တဲ့အထိ တက်လို့ရတဲ့ EROS COMPUTER ကို သတိရပေးပါဗျာ😊
🌐EROSComputer.com မှာ Online Learning လည်းရှိတာမို့ သင်တန်းလာဖို့ အချိန်မပေးနိုင်ခဲ့ရင် ရောက်တဲ့နေရာ၊ အားတဲ့အချိန်တွေမှာ လေ့လာနိုင်သလို
သင်တန်းမှာ ဆရာနဲ့အနီးကပ်တိုက်ရိုက် သင်ကြားချင်သူများအတွက်လည်း မနက် (၇) နာရီ မှ ညနေ (၇ )နာရီ အတွင်း အချိန်ညှိပြီး တက်ရောက်နိုင်ပါတယ်📣
𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐅𝐨𝐫 𝐘𝐨𝐮𝐫 𝐈𝐓 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬
EROS ရဲ့ သင်တန်းများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Comment/Page Messanger/Viber သို့ စာပို့ပြီးမေးမြန်းနိုင်သလို ရုံးဖုန်း မနက်(၉)နာရီ မှ ညနေ(၅)နာရီအတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
📣ဆက်သွယ်စုံစမ်းရန်
☎️ 09754988829,09754988830
🚩No ( D - 105 , D - 30C ) , Shwe Phyu Plaza First Floor,
32A-ZawTiKa Street , Between 77*78, Mandalay
#EROSComputer
#Computer_Training
#Knowledge_Sharing
#Teacher_Zin_Lin_Tun