တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်၊ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ စတဲ့ အနည်းငယ်သော တပ်ဖွဲ့ အချို့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲမှု လက်မှတ်ရေးထိုးနိုင်ခြင်း မရှိပါဘူး။ ကချင်ပြည် လွတ်လပ်ရေး တပ်မတော်ကတော့ အဲဒီအထဲမှာ အဓိက ကျတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာအစိုးရတို့ကြား ငြိမ်းချမ်းရေး အလားအလာ ဘယ်လို ရှိပါသလဲ။ ကေအိုင်အေ ဖက်က အမြင်တွေကို စုစည်းတင်ပြထားပါတယ်။