"Linux ကို အခုမှ စသုံးမယ့်သူများအတွက် ရွေးချယ်သင့်တဲ့ Linux Distributions (၅) မျိုး"
1. Ubuntu
Ubuntu ဟာ အသုံးပြုရလွယ်ကူပြီး အများဆုံးအသုံးပြုကြတဲ့ Linux Distribution တစ်ခုဖြစ်ပါတယ်။
တော်တော်များများ User တွေအတွက်လည်း အထောက်အပံ့များစွာ ရရှိနိုင်ပါတယ်။
2. Linux Mint
Windows အသုံးပြုသူတွေအတွက် Windows ပုံစံ interface ရှိပြီး အသုံးပြုရ လွယ်ကူပါတယ်။
3. Zorin OS
Windows စတိုင်နဲ့ရော macOS စတိုင်နဲ့ပါ သုံးလို့ ရပြီး user-friendly ဖြစ်ပါတယ်။
4. Elementary OS
MacOS နဲ့ ဆင်တူတဲ့ Interface ရှိပြီး အသုံးပြုရ လွယ်ကူပါတယ်။
5. MX Linux
Lightweight ဖြစ်ပြီး အသုံးပြုရ လွယ်ကူတဲ့ Linux distribution တစ်ခုဖြစ်ပါတယ်။
စမ်းသုံးကြည့်ပြီး အဆင်ပြေကြပါစေဗျာ။
ချစ်သော ....
ရှားသူ
၃၀.၈.၂၀၂၄