ပင်စီ
တေးရေး - စောဘွဲ့မှူး
တေးဆို - ချယ်ရီသင်း ၊ မိဖူး
Music & Mixing - T Boy (Bone Plus)
ကျွေးမွေးခဲ့အိမ်ကခွေးလေး အရွယ်ရောက်တော့
ခြံလုံအောင်ကင်းစောင့်တတ်ပြီ
အိမ်မှာကြောင်မလေးက ငါကမခိုင်းဘဲ
ကြွက်ခုတ်တဲ့ တာဝန်ယူ
မနက်မနက်ဆို ငါသူတို့ကို အစာခေါ်ကျွေးတော့
ပင်စီရေ သိပ်သတိရတယ်
အိမ်ကခွေးလောက် ကြောင်မလေးလောက်
မင်းသိတတ်ရင်ကောင်းမယ်
မနက်မနက်ဆို ခိုဖြူလေးတွေ ခိုပြာလေးတွေ
အိမ်ကိုပစ်ပြီး မသွားတတ်ပါ
ငါမထသေးရင် ငါ့ရဲ့ဘေးမှာ
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
ငါ့အတွက်ဆို ငါမြိုချသလောက် တန်ပြန်မူးမယ့်
Whiskyတွေ ခဏခဏသောက်တယ်
ငါပိုင်ခဲ့ဖူးတဲ့ အိပ်မက်များရယ်
ပုလင်းကြီးနဲ့ တစ်လုံးကွယ်
သိပ်ချစ်ရတဲ့ပင်စီ စိတ်ညစ်ရတဲ့ပင်စီရယ်
အိပ်ပျက်ရတဲ့ပင်စီရယ်ကွယ်
ကျွေးမွေးခဲ့အိမ်ကခွေးလေး အရွယ်ရောက်တော့
ခြံလုံအောင်ကင်းစောင့်တတ်ပြီ
အိမ်မှာကြောင်မလေးက ငါကမခိုင်းဘဲ
ကြွက်ခုတ်တဲ့ တာဝန်ယူ
မနက်မနက်ဆို ငါသူတို့ကို အစာခေါ်ကျွေးတော့
ပင်စီရေ သိပ်သတိရတယ်
အိမ်ကခွေးလောက် ကြောင်မလေးလောက်
မင်းသိတတ်ရင်ကောင်းမယ်
မနက်မနက်ဆို ခိုဖြူလေးတွေ ခိုပြာလေးတွေ
အိမ်ကိုပစ်ပြီး မသွားတတ်ပါ
ငါမထသေးရင် ငါ့ရဲ့ဘေးမှာ
ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ
ငါ့အတွက်ဆို ငါမြိုချသလောက် တန်ပြန်မူးမယ့်
Whiskyတွေ ခဏခဏသောက်တယ်
ငါပိုင်ခဲ့ဖူးတဲ့ အိပ်မက်များရယ်
ပုလင်းကြီးနဲ့ တစ်လုံးကွယ်
သိပ်ချစ်ရတဲ့ပင်စီ စိတ်ညစ်ရတဲ့ပင်စီရယ်
အိပ်ပျက်ရတဲ့ပင်စီရယ်ကွယ်
ကျွေးမွေးခဲ့အိမ်ကခွေးလေး အရွယ်ရောက်တော့
ခြံလုံအောင်ကင်းစောင့်တတ်ပြီ
အိမ်မှာကြောင်မလေးက ငါကမခိုင်းဘဲ
ကြွက်ခုတ်တဲ့ တာဝန်ယူ
မနက်မနက်ဆို ငါသူတို့ကို အစာခေါ်ကျွေးတော့
ပင်စီရေ သိပ်သတိရတယ်
အိမ်ကခွေးလောက် ကြောင်မလေးလောက်
မင်းသိတတ်ရင်ကောင်းမယ်