ဖာတစ်လုံးခေါင်းကျား (သို့) လောကဓမ္မ အမွေအနှစ် တစ်ခုပါ

Опубликовано: 12 Июль 2026
на канале: MCN TV NEWS CHANNEL
58,783
1.1k

စစ်ကိုင်း ဦးဘိုးသင်းရဲ့ ၁၉၃၈ ခုနှစ်က အမွေအနှစ် တစ်ခုဖြစ်တဲ့ ဖာတစ်လုံးခေါင်းကျား (Pha Ta Lone Gaung Kyar) ထဲက လောကဓမ္မဆိုတာ.. ဖြန့်ထွက်တွေးကြည့်နိုင်မယ်ဆို..

ဖာတစ်လုံးခေါင်းကျားဟာ ၅၅၀ လို.. ဗုဒ္ဓဝင်ဇာတ်တော်မျိုးလို့ ထင်ရပေမယ့် ... ပုပ္ပါးငလျင်ကြီး မလှုပ်ခင် BCE 300 နဲ့ 600 ကြား ကာလ.. အိမ်နီးချင်း ၇ ပြည်ထောင် မင်းတွေ ဘယ်လို ကွန်ဖယ်ဒရိတ်စနစ်မျိုးတွေနဲ့ "ကိုယ့်မင်း.. ကိုယ့်ချင်း.." နေခဲ့ကြတယ်ဆိုတာကိုလည်း စိတ်ကူးပုံဖော်ထားတယ်.,.

"မွန်တီကရစ္စတို မြိုစားကြီး" လို ခေါ်တဲ့ ပြင်သစ်ဝတ္တုကို မှီငြမ်းထားတဲ့ ဂျိမ်းစ်လှကျော်ရဲ့ "မောင်ရင်မောင် မမယ်မ" ဝတ္တု ၁၉၀၄ ခုနှစ်မှာ ထုတ်ဝေခဲ့အပြီး ဂန္ထဝင်မြန်မာ့စာပေမှာ ပထမဦးဆုံး မြန်မာ့ကာလပေါ်ဝတ္ထု တစ်အုပ်ဖြစ်ခဲ့ပြီး နှစ် (၃၀) ကျော် အကြာမှ ရေးသားခဲ့တဲ့ ပင်ကိုယ်ရေး ကာလပေါ်ဝတ္ထု တစ်အုပ် ဖြစ်လာခဲတာပါ။

ဆိုချင်တာက... ကွန်ဆာဗေးတစ်အယူအဆတွေကို ပြန်လည် ဖြန့်ဝေနေတာ မဟုတ်ပါ.. လောကကြီး တည်ရှိနေသမျှ.. လောက လူသားတွေအတွက် လောကပါလတရား ထွန်းကားမှ.. ဘယ်လိုနိုင်ငံရေးစနစ်မျိုးနေနေ ရှင်သန်ထွန်းကားနိုင်မှာပါ.. မန်ချက်စတာယူနိုက်တက် နိုင်ဖိုအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွေကျင်းပနေတာ မဟုတ်ပါ.. ဘောကန်ပညာ စဉ်ဆက်မပျက်ဖွံဖြိုးတိုးနေဖိုအတွက်သာ ကျင်းပနေကြတာတွေသာ ဖြစ်ပါတယ်ဆိုတာလေးတွေ သိစေချင်တာပါလို...