Bawipa kan dir pi ko // GFC

Опубликовано: 05 Август 2026
на канале: Guys From Chin
5,550
330

ကျွန်တော်တို့ Guys From Chin အဖွဲ့ ဒီမနက် Victoria Hospital ကိုသွားကြည့်ဖြစ်ကြတယ်။ ပြည်သူလူထုကိုကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံကို ပစ်မှတ်ထားပြီး ဗုံးကြဲလိုက်တာဟာ မြန်မာ့စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုသက်သက်သာဖြစ်တယ်ဆိုတာ မျက်မြင်သက်သေတွေ့မြင်ခဲ့ရတယ်။ ကျွန်တော်တို့ ပျက်စီးနေတဲ့ဆေးရုံကိုကြည့်နေတုန်း စစ်တပ်လေယာဉ်လာနေတဲ့သတင်းရလို့ ဗုံးခိုကျင်းထဲတစ်နာရီကြာဝင်အောင်းခဲ့ရတယ်။ ဗုံးခိုကျင်းထဲရောက်ခိုက် စိတ်ပူရတယ်၊ နာကြဉ်းရတယ်၊ ဝမ်းနည်းရတယ်။

အသက်အန္တရာယ်ဖိုလှုံဖို့အတွက် စစ်တပ်လေယာဉ်လာတိုင်း ဗုံးခိုကျင်းထဲဝင်ပုန်းကြရတဲ့ တစ်ပြည်လုံးကပြည်သူတွေ၊ ရဲဘော်တွေအတွက် ကျွန်တော်တို့ ဒီသီချင်းလေးနဲ့ ဆုတောင်းပေးပါရစေ။

ချင်းလို ‘Bawipa kan dir pi ko’ (ဘုရားသခင်ကျွန်တော်တို့နှင့်အတူ ရပ်တည်ပေးပါ) စာသားလေးနဲ့ အားအင်ယူစေချင်ပါတယ်။

Victoria Hospital ပြန်လည်ပြင်ဆင်ဖို့ အလှူထည့်ချင်ရင် အောက်ပါ Gofundme link ထဲလှူဒါန်းလို့ရပါတယ်။

https://gofund.me/616aa4c7