သမီးချော့တေး | တေးရေး/ဆို - စံပီး | Official Lyrics Video

Опубликовано: 03 Май 2026
на канале: Sangpi Music
68,730
1.6k

သမီးချော့တေး

တေးရေး/ဆို - စံပီး
Music - Mung Pi ( KB )
Kim Pu ( Guitar & Programing )
Aa Tuang ( Bass )
Mixing & Mastering - Chit San Maung
Video Editing - Ko Mung


Verse :
လူ့ဘဝကြီးအစပြုမယ့်မနက်ခင်း
အပြုံးတွေနဲ့ သမီးလေးကိုပွေ့ကာကြို
နိုင်းယှဉ်စရာမရှိ မေတ္တာတွေနဲ့
ငိုသံတောင် နားဝင်ချိုတေးတစ်ပုဒ်လို

Verse :
စကားတွေလည်း ပြောတတ်စ တီတီတာ
အလှပဆုံး သမီးမျက်နှာ ရှု မငြီးပါ
ဘဝမှာအပျော်ဆုံး အချစ်တွေပုံလို့
သမီးချော့တေး အိုအိုအေး ညည်းဆိုကာ…

Chorus:
( ဒီချိန် ) တစ်လောကလုံး သမီးလေးကြောင့် လှနေပြီ
မောပန်းသမျှ သမီးလေးကြောင့် အမောပြေ
ချိုသာ အပြုံးလေးနဲ့ သမီးမျက်နှာ
အဖေ့အတွက်တော့ အလှဆုံးသောတေးကဗျာ
ရောင်စုံပန်းခင်းထဲ အလှပဆုံးပန်းတစ်ပွင့်
အများကျိူးအတွက်ထမ်းပိုးမယ့် သမီးအဖြစ်
ရေလိုအေးမြပြီး ပန်းလေးလို သမီးလေးဘဝအမြဲတမ်းမွှေးပျံ့စေ…

Verse :
အားမငယ်နဲ့ လူ့ဘဝဇာတ်ခုံအထက်
ဘုရားကိုအမြဲ အားကိုးပါသမီးငယ်
စမ်းရေလိုစီး မေတ္တာတွေနဲ့
ပျော်ပါစေ အစဉ်ဆုတောင်းပေးတယ်
—————————————


သမီးလေး It Sang @ Cing It Sang ရဲ့ ၁ နှစ်ပြည့်မွေးနေ့အမှတ်တရ အနေနဲ့ ရေးဖြစ်ခဲ့တဲ့သီချင်းလေးပါ

သူမွေးပြီး ၂ ရက်မှာ သံစဉ်နဲ့ စာသားလေးတချို့ရခဲ့တာဖြစ်ပြီး မွေးနေ့နားနီးမှ အချောသပ်နိုင်ခဲ့တာပါ

တီးခတ်ပေးကြတဲ့ Mung Pi , Kim Pu နဲ့ Aa Tuang တို့က တီးခလုံးဝမယူပဲ သမီးလေးမွေးနေ့ လက်ဆောင်အနေနဲ့ တီးခတ်ပေးခဲ့ကြပြီး

ဆရာချစ်စမ်းမောင်ကလည်း mixing & Matering တွက် ငွေကြေးလုံးဝမယူပဲ သမီးလေးမွေးနေ့လက်ဆောင် အဖြစ် လုပ်ဆောင်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

Video လေးကို အချိန်မီတင်နိုင်အောင် ကူညီပေးတဲ့ ကိူမုန်ကိုလည်း ကျေးဇူးတင်ပါတယ်။