Tokyo Daibutsu (THE BIG BUDDHA) DOCUMENTARY VIDEO

Опубликовано: 27 Август 2026
на канале: Media9
145
4

Jorenji Temple (Tokyo Daibutsu)
ဂျပန်နိုင်ငံ၏တတိယအကြီးဆုံးကြေးဗုဒ္ဓရုပ်ပွားတော်ဖြစ်သော Tokyo Daibutsu (သို့မဟုတ် Tokyo's Big Buddha) သည် Jourenji ကျောင်းတော်တွင်တည်ရှိသည်။ရုပ်ပွားတော်၏အမြင့်မှာ ၁၃ မီတာမြင့်ပါသည်။ ၎င်းရုပ်ပွားတော်သည် Kamakura ရုပ်ပွားတော်ထက်သေးငယ်ပြီးအလေးချိန်သုံးဆယ့်နှစ်တန်ရှိသည်။
Tokyo Daibutsu ရုပ်ပွားတော်ရှိရာ မြုိ့ငယ်လေးသည် Tokyo မြို ့ကြီးကဲ့သို့ မြင့်မားသောအဆောက်အဦများ၊ေစျးဆိုင်များနှင့်စားသောက်ဆိုင်များမရှိပါ။ဒေသခံဆိုင်ငယ်လေးအချို့သာရှိပါသည်။
Jourenji ကျောင်းတော်၏အဝင်ဝတွင် အခြားဂျပန်မဟာယန ဗုဒ္ဓဘုရားကျောင်းများကဲ့သို့ပင် ကောင်းကင်နတ်မင်းကြီးလေးပါရုပ်ထုများရှိပါသည်။
ဂိတ်ဝကိုကျော်လာပြီး လှေကားကိုတက်ပြီးတဲ့နောက် ခန့်ညားသော ဘုရားကျောင်းကိုတွေ့မြင်ရမှာြဖစ်ပါတယ်။ညာဘက်မှာတော့ ကြာပန်းေပါ်တွင်စံပါယ္နေသောကြီးမားတဲ့ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်ကို သပ္ပါယ်စွာဖူးမြော်နိုင်မှာဖြစ်ပါတယ်။
ပန်းခြံထဲမှာ နောက်ထပ်တွေ့ရှိရမယ့် ရုပ်တုများကတော့ ကံကောင်းခြင်းနတ်ဘုရား၇ပါး
ရဲ့ရုပ်တုများြဖစ်ပါတယ်။ထို့နောက် ခေါင်းလောင်း၊အမွှေးတိုင်ပူဇော်ရန်ေနရာနှင့်သင်္ချိုင်းအုတ်ဂူများကိုထုံးစံအတိုင်းတွေ့ရမှာြဖစ်ပါတယ်။ဂျပန်ရဲ ့ဗုဒ္ဓဘာသာအယူအဆအရ လူများဟာကွယ်လွန်ပြီးတဲ့နောက် ဘုရားရှိရာကောင်းကင်ဘုံသို့ရောက်ရှိတယ်လို့ ယူဆကြတာကြောင့် ဘုရားကျောင်းများအတွင်းမှာ သင်္ချိုင်းများကိုပါတွေ့နိုင်မှာြဖစ်ပါတယ္။
အရွယ်အစားစုံလင်ကာလှပကြီးမားတဲ့ ငါးများစွာရှိတဲ့ရေကန်ကိုလဲတွေ့မြင်ရမှာြဖစ်ပြီး ငါးစာများကိုဝယ္ယူကြွေးမွေးနိုင်ပါတယ်။
အလွန်အေးချမ်းဆိပ်ငြိမ်ပြီး သွားရောက်လေ့လာဖူးမြော်ဖွယ်ရာေကာင်းတဲ့ Tokyo Daibutsu ဘုရားJourenji ကျောင်းတော်ဟာ Shimo Akatsuka မြို့မှာတည်ရှိပါတယ္။
သွားရောက်လည်ပတ်လိုသူများက Chikatetsu-Akatsuka: (the Tobu-Tojo), Fukutoshin, Yurakucho lines, Nishi-Takashimadaira: ( the Toei-Mita line) (ရထားလိုင်း)များကိုအသုံးပြုပြီးသွားရောက်လည်ပတ်နိုင်ပါတယ္။
Ishikari Lore by Kevin MacLeod is licensed under a Creative Commons Attribution 4.0 licence. https://creativecommons.org/licenses/... http://incompetech.com/music/royalty-...
Artist: http://incompetech.com/
#TokyoDaibutsu
#Japan
#Buddha
#Documentary
#Media9