Please - Ko Htett x Myat Minn Ko ( Unknown Family )
Compose - Ko Htett x Myat Minn Ko
Music - Ko Htett
Mix & Mastering - Vithop Record
Studio - Blackgod
, Lyrics Video - Zaw Han Soe
Follow Ko Htett
https://www.joox.com/mm/artist/xioYJ_...
/ @kohtett
/ kohtettmusic
Follow Myat Minn Ko
/ myatminnkomusic
/ @myatminnko5889
https://www.joox.com/mm/artist/VAnMKn...
( Lyrics )
အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်
ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
ငါဟာ အပေါ်ယံကြည့်ပြီးဆုံဖြတ်ခဲ့အရာရာကို
မှန်တယ်ရင်တစွတ်ထိုးလုပ်မိတဲ့မတွေေဝတဲ့စိတ်ကို ငါပြောင်းလဲလိုက်တဲ့အခါ အချိန်ဟာနောက်ကျသွား ကံကြမ္မာရဲ့ခါးသီးမှုရဲ့ကြား
အခြေနေမှန်ကိုပြန်ပီရရှိတဲ့အချိန်မှာ ကိုယ်မှန်တယ်ထင်ရင်တစွတ်ထိုးမလုပ်တက်တော့ တွေးဝေတဲ့စိတ်က ငါ့ကိုထိမ်းချုပ်ထားတဲ့အခါ ဘယ်လိုရှေ့ဆက်သွားဖို့ရာ ကံကြမ္မာ မဖန်တီးခဲ့ပါကောင်းတဲ့အရာ
အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်
ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
ငါဟာပညာတတ်ဘွဲ့ရ သို့ပေမဲ့ လက်ရှိစီးပွားရေးမှာ ဆင်ဆာဖြတ်ခဲ့ရ
အကြင်နာမက်တဲ့ငါ အထီးကျန်မှုတွေရဲ့ဒဏ်ကြောင့် ဟောဒီရင်ပါအက်ကွဲသွား
Rich kid တွေနဲ့ယှဥ်ကာဖြတ်တဲ့ဘဝ
နင်မပါတဲ့မနက်ညတွေကုန်ဆုံးခဲ့ အရေးမပါတဲ့
အင်တာနက်ထဲမှာ
တဒင်ဂ မက်ခဲ့သမျှအိမ်မက်တွေ ရိုက်ချိုးပီး ဝက်ပါထဲထွက်မရ
လစာလေးတစ်ပဲခြောက်ပြားနဲ့ လုပ်ငန်းရှင်တွေကလာအသည်းဖောက်စား
အဘယ့်ကြောင့်များ ပိုက်စံက လူသားတွေရဲ့လောဘကို အမြဲလိုလိုစွဲဆောင်ထား
ဝဲခြောက်အလား လူတွေရဲ့စိတ်ဓာတ်တွေညစ်ညမ်းလာ ဆက်ဆံရေးတွေကျဲတောက်သွား
စောက် pressure တွေပိချက်က နတ်ဘုရားမကလို့ ခန္ဓာမရှိတဲ့သရဲတောင်ဖျားမယ်
ကံကောင်းခြင်းအလင်းရောင်လားငါနေတဲ့ဟောဒီ့ ကမ္ဘာတစ်ဖက်မှာမထွန်းလင်းသေး
လာဖက်ကာတွန်းရင်းဝေးသွားတဲ့ ဘော်ဒါတစ်
ချို့နမည်တွေ
ဘဝစာမျက်နှာအစွန်းတွင်ရေး
ညာလျှက်လာအမွှန်းတင်နေတဲ့ သာပေါင်းတွေကိုလဲ အဖျက်သနားမာန်နတ်ပမာညွှန်းချင်သေး
ငါတစ်သက်စာနစ်မွန်းနေပစေ ငါ့ချစ်သူကိုတော့
အမဲစက်တွေဘာအတွက်မှမစွန်းထင်စေ
ကိုယ်တွေသာခေါင်းသုံးပေမဲ့
အထက်လူကြီးကတော့ ဂျိုတွေပါရောင်းသုံးပေး
ခင်ဗျားကတော့
မြိုနေတာအကောင်းဆုံးတွေနဲ့ ဘလိုတွေလာမောင်းအုံးလေမလဲဆိုပီး အိပ်မပျော်နိုင်
စဥ်းစားတာများပီး ငိုနေတာအကောင်းဆုံးလေ
မျက်ကွင်းတင်မက ဘူး ငါ့မှာ
ညိုနေတာတစ်ခေါင်းလုံးပေ
အပိုတွေမပါအကောင်းဆုံးတွေးပီး
ဒေါသမျက်ရည်တွေနဲ့ ညတိုင်လိုလို ငါ့မှာ
စိုနေတာခေါင်းအုံးလေး
အတိုင်းအဆမရှိနင်ပဲချစ်လွန်းလို့ လမ်းခွဲမယ်
ငါတို့ဘဝကို ပိုင်းခြားပီးရင်ကွဲ
အလုပ်ကိုထမင်းဂျိုင့်လေးဆွဲပီး ငါ့လိုသူတောင်းစားနဲ့လိုင်းကားမစီးချင်နဲ့
နှလုံးသားလဲအတွေးများနဲ့ကြေမွငါ့မှာ ကျုံးဝါးခဲ့မေ့မရတဲ့အနေအထား
အဆုံးအစမဲ့ ဝေးသွားခဲ့လေမှ အချစ်ရေ အပြုံးများနဲ့သူဌေးသားနဲ့နေပါ
သာပေါင်းတွေလဲ အဝေးကိုသွားပါဒိုး
ငွေမရှိတော့နှိမ်ကြ ဆေးတို့များစွာထိုး
နောက်ဖေးသို့သွားကာငိုတဲ့အမေ့ကိုမေးတော့ သူ့မှာ နောက်ထပ် ပေးစရာက
အကြွေးတို့များလာလို့
ကြားရင်ငါ့အဖေသွေးတိုးသွားမှာဆိုး တိတ်တခိုးပဲနံရံကိုပြေးလို့လွှားကာထိုး
အဖန်ငါးရာငါးကမ္ဘာလို့ရှေးအဆိုများမှာဆို
ငါဇွဲကြိုးမချတာ အဖေနဲ့ အမေ့ကိုအားနာလို့
အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်
ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
ကျေးဇူးပြု၍ငါအနားယူပါရစေ plz
ချစ်သူ မင်းလဲ တစ်ခြားသူအနားနေ
ပိုက်စံက လောကမှာဒုတိယဘုရားသခင်ပဲ
မနက်ဖြန်များ ငါလူ့ဘဝမှနားချင်တယ်
ကျေးဇူးပြု၍ငါအနားယူပါရစေ plz
ချစ်သူ မင်းလဲ တစ်ခြားသူအနားနေ
ပိုက်စံက လောကမှာဒုတိယဘုရားသခင်ပဲ
အတုအပများကျင်လည် ငါလူ့ဘဝမှနားချင်တယ်
အဖြေမရှိတဲ့အတွေးပေါင်းများစွာကငါ့ကိုခြောက်ခြားလိုက်
ငါကြိုးစားသမျှလဲမထူး မယုံနိုင်ဘူး
ကံကြမ္မာကိုယုံခဲ့တော့ငါဟာအရူး
အို လူ စိတ်ကူးနဲ့လက်တွေ့မတူ
#KoHtettMusic #MyatMinnKo #Please #Vithop #UnknownFamily