UNKNOWN - Adam Oo, Y
Starring -U Phone Myint Zaw, Adam Oo, Y, Kaung Kin Ko Ko
Directed by Yan K
Composed by Adam Oo
Kid Singer - Shwe Thway
Music produced by Bookie
Violin - Naw Gilda
Guitar - Saw John
Studio - Studio Imager
Mixing & Mastering - Phoe Chan
Harmony - Adam Oo, Y, Tin Han Lwin
Shooting Manager - Kaung Sithu
Crews - Han Gyi & Paing Gyi
Title font - Hay Thar Lynn
Poster art - Mahar Thant
[LYRICS]
ငယ်ငယ်တုန်းကတည်းက စာဆိုလည်းစိတ်မပါ
လူရည်ချွန်ဆိုတာ ဖြစ်ဖို့ဝေးပြီလေ
သူငယ်တန်းလည်းကျ အိမ်မှာလည်း ဂွစာ
တစ်နေကုန်ထိုင်ငိုတောင် မုန့်ဖိုးမရတဲ့ကောင်လေး
စိတ်ပူစရာမလိုပါဘူး ဘဝဆိုတာ ဒီအတိုင်းပဲ
လူသူမသိ ပိုက်ဆံမရှိတဲ့ အတန်းထဲကကောင်လေး
နေ့လည်စာအိမ်ပြန်စားပြီး စာသင်ခန်းပြန်ရောက်တဲ့အခါ ငါဟာ အခန်းရဲ့နောက် ခုံတန်းရဲ့အောက်မှာ ငုတ်တုတ်ကလေးမှိုင် အိပ်ငိုက်မိချိန်
အတန်းပိုင်ဆရာမရဲ့ ရွှေကြိမ်လုံး ခစားရပြီ
ဒီကနေ့ ရုံးခန်းမရောက်လို့တော်သေး
လားလာလာလား...လာလာလား
လာလားလားလာ...လာလာ..လား.လာလာလား
လားလားလာလာ
လားလာလာလား...လာလာလား
လာလားလားလာ
လာ လာလာ လာ လာ လား.
ဒီလိုနဲ့ ကလေးဘဝ ကျော်လွန်ကာ ဖြတ်သန်းခဲ့တာ နေရာစုံ လူစုံပေါင်းသင်းတတ်ပြီလေ
ဒါပေမဲ့ ခဏခဏ ခင်လူလည်တွေ မြို့ကြီးထဲမှာ
ဒီလူဟာ မကြာမကြာ အသည်းကွဲရပြန်တယ်
စိတ်ပူစရာမလိုပါဘူး ဘဝဆိုတာဒီအတိုင်းပဲ ကြင်သူမရှိ ပိုက်ဆံမရှိတဲ့မြို့ပြကကောင်လေး
အရက်ဆိုင်မှာထိုင်နေရင်း ဟိုဟိုဒီဒီလျှောက်ငေးမိချိန်
ငါဆိုင်ခန်းရဲ့ထောင့် မှုန်ပြပြမီးအောက်
တစ်ခွက်ပြီးတစ်ခွက်ငါ သောက်လိုက်မိချိန်
ပိုက်ဆံမပါဘဲနဲ့ ဘုံဆိုင်ထိုင်လိုက်မိပြီ
ဆိုင်ရှင်ကြီးအကြွေးရောင်းပေးလို့တော်သေး
လားလာလာလား...လာလာလား
လာလားလားလာ...လာလာ..လား.လာလာလား
လားလားလာလာ
လားလာလာလား...လာလာလား
လာလားလားလာ
လာ လာလာ လာ လာ လား.
ဒီလိုနဲ့ အသက်တွေရ ဒီဝန်ထမ်းလစာ ချွေတာကာဖွေရှာစုဆောင်းရပြန်တယ်
တစ်သက်လုံးသိမ်းလာသမျှ ပိုင်ဆိုင်တာတွေဝေမျှဖို့ရာ
လူပျိုကြီး အပေါင်းအသင်းမရှိလို့တော်သေး