Daisy
Composed by Kriz
Lyrics;
ဒါအချစ်တဲ့လား?
လက်ကလေးတွဲလို့ထားရင်
စေတသိက်လမ်းမပေါ် လိပ်ပြာတွေဝဲနေ
အော် အိပ်မက်တဲ့လား?
ပဟေဠိတစ်ခုလိုပဲကွယ်
မပိုင်ဆိုင်ရမှာထက် ဆုံရှူံးမှာပိုကြောက်တယ်
သူဒေစီပန်းလေးတစ်ပွင့်ဆိုရင်
နေရောင်ခြည်လေးဖြစ်ခွင့်ရချင်မိတယ်
လေပြေလေးတိုးဝှေ့သွားချိန်
မွှေ့ပျော်ယိမ်းနွှဲ့နေဟန်လေးကို
အဝေးကနေ တိတ်တိတ်လေးပါပဲ
ရှုစားရရုံ အမောပြေ
ကိုယ့်ရဲ့အချစ်ဆုံးရေ
ကိုယ်လောင်ကျွမ်းရင်း မင်းရှင်သန်စေ
အမြဲသိချင်တာ
မင်းပျော်နေရဲ့လား
အပြုံးလေးကကိုယ့်ရဲ့ကမ္ဘာ
ဝေးကွာလွန်းတဲ့ အိပ်မက်များအတွက်
ပေးဆပ်ချင်ပါတယ်အရာရာ
အချစ်ဆိုတာ
အသွားတိုင်းအပြန်တကယ်မရှိတာ
တနေ့နေ့တော့ မင်းသိမှာပါ
ဒေစီပန်းလေး သူ့အတွက်
နေရောင်ခြည်လေးအဖြစ်နဲ့
အဝေးမှာအမြဲတမ်းရှိနေမှာ
မသိစိတ်ကို ခဏ
ကိုယ်မေးကြည့်ပါဦးမယ်
အလှဆုံးပန်းကလေးမို့မက်မောနေတာလားကွယ်
ဆန္ဒလရဲ့ဆွဲငင်အားကြောင့်များ
ပင်လယ်ကြီးဂယောက်ဂယက်ဖြစ်တာလား
အဖော်မဲ့ကမ်းစပ်မှာ လရိပ်သာမြင်ခွင့်ရ
သူဒေစီပန်းလေးတစ်ပွင့်ဆိုရင်
နေရောင်ခြည်လေးဖြစ်ခွင့်ရချင်မိတယ်
လေပြေလေးတိုးဝှေ့သွားချိန်
မွှေ့ပျော်ယိမ်းနွှဲ့နေဟန်လေးကို
အဝေးကနေ တိတ်တိတ်လေးပါပဲ
ရှုစားရရုံ အမောပြေ
ကိုယ့်ရဲ့အချစ်ဆုံးရေ
ကိုယ်လောင်ကျွမ်းရင်း မင်းရှင်သန်စေ
အမြဲသိချင်တာ
မင်းပျော်နေရဲ့လား
အပြုံးလေးကကိုယ့်ရဲ့ကမ္ဘာ
ဝေးကွာလွန်းတဲ့ အိပ်မက်များအတွက်
ပေးဆပ်ချင်ပါတယ်အရာရာ
အချစ်ဆိုတာ
အသွားတိုင်းအပြန်တကယ်မရှိတာ
တနေ့နေ့တော့ မင်းသိမှာပါ
ဒေစီပန်းလေး သူ့အတွက်
နေရောင်ခြည်လေးအဖြစ်နဲ့
အဝေးမှာအမြဲတမ်းရှိနေမှာ
Adam Oo, Kriz - Daisy
----------------------------------------------------
🎵 My profile links 🎵
🔸 Flow - https://open.flow.com.mm/G97A1jPliUb
🔸 Facebook - / adamoo.jbj
🔸 Instagram - / adam_eu
🔸 Apple Music - / adam-oo
🔸 Spotify - https://open.spotify.com/artist/60XtS...
🔸 Amazon - https://www.amazon.com/music/player/a...
🔸 Tidal - https://tidal.com/browse/artist/9398897
----------------------------------------------------