Photo Geometrization Drawing Techniques

Опубликовано: 12 Июль 2026
на канале: Hexagon Institute of Art & Design
1,254
62

Low-poly style artwork လေးတွေဆဲွရတာက လွယ်မယောင်နဲ့ ခက်ခဲတတ်ပါတယ်။ ရုပ်ပုံတစ်ခုကို အခြေခံအကျဆုံး ရှုထောင့်တွေကကတဆင့် မြင်တတ်အောင် လေ့ကျင့်ရသလို ပုံရေးရာမှာလည်း အဖြတ်အတောက် အစိတ်အပိုင်းလေးတွေ မျှမျှတတ ချိန်ဆနိုင်မှသာ ဆွဲဆောင်မှုရှိပြီး လှပတဲ့ ဖန်တီးမှုလေးတွေ ထွက်တာဖြစ်ပါတယ်။ အခုသင်ခန်းစာမှာ photo geometrization artwork ဆွဲတဲ့ နည်းလမ်းလေးတွေကို အစမှ အဆုံးရှင်းပြပေးထားပါတယ်။ လိုအပ်တဲ့ ပုံရိပ်များကိုလည်း သင်ခန်းစာ တစ်ခုအနေနဲ့ လေ့ကျင့်လို့ ရအောင်ထောက်ပံံ့ပေးထားပါတယ်။ လေ့ကျင့်ကြည့်မယ်ဆို အများကြီး အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
Video clip တစ်ခု ကြည့်ရုံနဲ့ အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခတ် တတ်မြောက်သွားမှ‌ာ မဟုတ်တဲ့အတွက် photo geometrization ရေးဆွဲတာကို အမှန်တကယ် စိတ်ဝင်စားတယ်ဆိုရင် ထပ်ခါ ထပ်ခါ လေ့ကျင့်ပေးဖို့ကိုလည်း တိုက်တွန်းပါရစေ။

Hexagon ရဲ့ သင်ကြားပုံကို ကြိုက်နှစ်သက်လို့ online သင်တန်းတက်ရောက်ချင်တဲ့သူများက Hexagon Institute of Art & Design (Facebook page) မှာ သွားရောက်စုံစမ်းနိုင်ပါတယ်။

Clip Studio Paint : https://www.clipstudio.net/en/
Facebook page :   / hexbybee  
Visit our website : https://www.hexbybee.com

Music license : Envato