Mark 50 battle damage helmet | 3D print | Craft

Опубликовано: 09 Сентябрь 2026
на канале: Hexagon Institute of Art & Design
1,613
69

SLA (resin 3D printer) တွေ အသုံးချတဲ့အခါ အခုမှ စပြီး လုပ်ဆောင်ရတဲ့သူတွေအဖို့ pre production setting တွေ printing အခက်အခဲတွေ အပြင် curing လုပ်ရတဲ့အခါ အဆင်မပြေတာတွေ အများကြီးဖြစ်ရပါတယ်။ ကိုယ်တိုင်လည်း အစမှာ အခုလို အခက်အခဲတွေ ကြုံခဲ့ရတာမို့ ဖြေရှင်းရမယ့် အကြောင်းအရာလေးတွေပါ မျှဝေပေးထားပါတယ်။ နောက်ပြီး resin 3D printer ဝယ်ဖို့ စဉ်းစားနေတဲ့သူတွေ အတွက်လည်း resin printer ရဲ့ လုပ်ဆောင်ပုံလေးတွေ ပြောပြပေးထားတာဖြစ်လို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ Print ထုတ်ပြီးတဲ့အခါမှာလည်း painting လုပ်ရတဲ့အပိုင်းကို ကိုယ်သိသလောက်လေး မျှဝေပေးထားတာဖြစ်လို့ တစ်ချို့ 3D print ကို စိတ်ဝင်စားတဲ့သူတွေ 3D print model ကို painting လုပ်ချင်တဲ့သူတွေအတွက် အထောက်အပံ့ကောင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Video clip တွေကို အပိုင်းတွေခွဲပြီး ခဏခဏကြော်ငြာမနေချင်တာမို့ သင်ခန်းစာ video file က တစ်နာရီစာလောက် ဖြစ်တာကိုတော့ နားလည်ပေးပါ။ လိုအပ်တဲ့ file ကို comment မှ တဆင့် ရယူနိုင်ပါတယ်။