ဧပြီလ၊ ၄
ဒီကနေ့ည DNA ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့ တော်လှန်ရေးအလွန်မှာ လက်နက်ကိုင်ပဋိပက္ခအသစ်တွေ မပေါ်ရောက်ရေးကြိုးစားဖို့ NUG ယာယီသမ္မတ သတိပေးတဲ့သတင်း၊ နေပြည်တော် ဧလာလေဆိပ်နဲ့စစ်ရုံးချုပ်တို့ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ NUG စစ်ရုံးချုပ်ထုတ်ပြန်တဲ့အကြောင်း ပြည်တွင်းသတင်းများနဲ့အတူ ထိုင်ဝမ်ငလျင်အပြီး ရှင်းလင်းရေးလုပ်ငန်းတွေ စတင်တဲ့သတင်း၊ နည်းပညာသစ် ဟိုက်ပါဆောနစ် တာလတ်ပစ်ဒုံးကျည် စမ်းသပ်မှုဗီဒီယိုကို မြောက်ကိုရီးယား ထုတ်ပြန်တဲ့အကြောင်း နိုင်ငံတကာသတင်းများကို နားဆင်ရမှာ ဖြစ်ပါတယ်။