ဧပြီ၊ ၂
ဒီကနေ့ည DNA ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးတဲ့သတင်း၊ နပခ စစ်ဌာနချုပ်ရှိရာ အမ်းနဲ့ မကွေးတိုင်း ဆက်သွယ်ထားတဲ့လမ်းကို AA က အသုံးပြုခွင့်ပိတ်တဲ့အကြောင်း ပြည်တွင်းသတင်းများနဲ့အတူ လုပ်ငန်းခွင်ကိုစွန့်ခွာပြီး ဆန္ဒပြနေတဲ့ဆရာဝန်တွေနဲ့ ညှိနှိုင်းလိုကြောင်း တောင်ကိုရီးယားအစိုးရ ကမ်းလှမ်းတဲ့သတင်း၊ ဆီးရီးယားမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေး ဗုံးကြဲခဲ့တယ်လို့ အီရန်စွပ်စွဲတဲ့အကြောင်း နိုင်ငံတကာသတင်းများကို နားဆင်ရမှာ ဖြစ်ပါတယ်။