မောင်တောမြို့တွင်း ပိတ်မိနေသူတွေ နဲ့ စစ်ကောင်စီက လူသားဒိုင်းအဖြစ်ခေါ်ယူထားတဲ့ ပြည်သူတွေကို အေအေ ကကယ်ထုတ်ပေး
CNA၊ရုပ်သံ။
သြဂုတ်၊ ၈ ။
မောင်တောမြိုထဲမှာ စစ်ကောင်စီက လူသားဒိုင်းကာအဖြစ်ခေါ်ယူထားတဲ့ ပြည်သူလူထုနဲ့ မောင်တောမြိုအတွင်း ပိတ်မိနေကြတဲ့ ပြည်သူလူထုတွေကို အာရက္ခတပ်တော် အေအေ က အသုတ်လိုက်၊ အသုတ်လိုက် ဘေးလွတ်ရာသို ရွေ့ပြောင်းကယ်တင်တာတွေကို ပြုလုပ်ခဲ့တယ်လို့ အေအေ က ရုပ်သံနဲ့ တကွ သတင်းထုတ်ပြန်လာပါတယ်။
အဲဒါတွေ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကိုယ့်နည်း ကိုယ့်ဟန် နဲ့ထွက်ပြေးလာသူတွေ ရှိခဲ့ကြတယ်လို့လည်း အေအေက ဆိုထားပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော် အေအေဟာ မောင်တောမြို့နယ် အတွင်းက စစ်ကောင်စီလက်ကျန်တပ်စခန်း ၂ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းနဲ့ အပြင်းအထန်ခုခံတိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။.
ယခုဖော်ပြပါ ဗီဒီယိုမှတ်တမ်းမှာ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့က မောင်တော၊ လသာရွာ မှ ရွာသူရွာသားများအား အာရက္ခတပ်တော်မှ ကယ်ထုတ်လာခဲ့သူများ ဖြစ်သည်။