ကျိန္တလီမြို့တွင်းမှာ တပ်စွဲနေထိုင်နေကြတဲ့ စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွါထွက်ပြေးသွားကြပြီးဖြစ်တယ်လို့ ဆိုပါတယ်
CNA၊ရုပ်သံသတင်း။
သြဂုတ် ၊ ၁၃ ။
ကျိန္တလီမှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့ ညနေမှာ ဂွမြို့နယ်ထဲကို စခန်းစွန့်ခွါ ထွက်ပြေးသွားကြပြီး ဖြစ်တယ်လို့ ကျိန္တလီမြို့ ဒေသခံ သတင်း အရင်းအမြစ်တွေက ပြောပါတယ်။
ကျိန္တလီမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ ကတည်းကပင် ချင်းကွင်းကျေးရွာ အနီးမှာ နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီးနောက် သြဂုတ်လ ၁၁ ရက်နေ့ ကနေ ၁၃ ရက်နေ့ အထိနှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ဒီနေ့ ညနေ မှာ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ စစ်ကောင်စီတပ်တွေဟာ ကျိန္တလီမြို့တွင်းက တပ်စခန်းတွေကိုစွန့်ခွါကာ ဂွမြို့နယ် အ တွင်းကို ထွက်ပြေးသွားကြတာ ဖြစ်တယ်လို့ ကျိန္တလီ ဒေသခံ တစ်ဦးက အတည်ပြုပြောပါတယ်။