သုသာန်ဓူတင်ဆရာတော်ပြောပြတဲ့ သင်္ချိုင်းကခြောက်လှန့်မှုအတွေ့အကြုံများ

Опубликовано: 17 Июль 2026
на канале: NewsWatch Myanmar
957,484
27k

၁၈ မိုင်တောရဆရာတော် အရှင်စကြဝဠာဟာ ကိလေသာခေါင်းပါးစေတဲ့အကျင့်ဖြစ်တဲ့ သုသာန်ဓူတင်ကို ကျင့်ကြံနေတာ ၁၈ နှစ်ရှိပြီဖြစ်ပါတယ်။

ဆရာတော်သီးတင်းသုံးနေတဲ့ ကျောင်းသင်္ခန်းရဲ့အောက်မှာ လူသေအလောင်းတွေကို ဂူသွင်းထားတဲ့အုတ်ဂူတွေရှိနေပါတယ်။

၁၈ မိုင်တောရမှာတော့ ကျောင်းတိုက်မှာသီတင်းသုံးတဲ့ ဒုလ္လဘရဟန်းတွေသာမက ကိုရင်းနဲ့ သီလရှင်လေးတွေကပါ နေ့စဉ် ကျင့်ကြံအားထုတ်ကြပါတယ်။

သုသာန်ဓူတင်ကို နှစ်ပေါင်းများစွာကျင့်ကြံခဲ့တဲ့အလျောက် သင်္ချိုင်းသုသာန်မှာခြောက်လှန့်မှု၊ ယုတ္တိလွန်ဖြစ်ရပ်တွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဒီအတွေ့အကြုံတွေကို News Watch မှတဆင့် မျှဝေထားပါတယ်။