မီဒီယာနဲ့ အချေအတင်ဖြစ်ခဲ့တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲ (26-01-2021)

Опубликовано: 15 Июль 2026
на канале: NewsWatch Myanmar
1,310,090
11k

ဇန်နဝါရီ ၂၆ ရက်နေ့က နေပြည်တော် တပ်မတော်စစ်သမိုင်းပြတိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများ၏မေးခွန်းများကိုဖြေကြားရာတွင် အချေအတင်သဘောမျိုးဖြစ်ခဲ့သည်။


ထိုသတင်းစာရှင်းလင်းပွဲတွင် သတင်းသမားတဦးက “တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရပါသလား" ဟု မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "မရပါဘူး”ဟု ဖြေကြားချက်အပါအဝင် စိတ်ဝင်စားဖွယ်ရာ မေးချက်ဖြေချက်များ ထွက်ပေါ်ခဲ့သည်။


၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေသည်ဟုဆိုကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြည်တွင်း၊ ပြည်ပမီဒီယာများအားဖိတ်ကြား၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။