မိန်းမ (၈) ယောက်ရဲ့ ချစ်ခြင်းကို တပြိုင်တည်းရယူထားနိုင်တဲ့ အမျိုးသား

Опубликовано: 07 Сентябрь 2026
на канале: NewsWatch Myanmar
1,098,068
10k

အောင်ဒန်ဆောရိုးလို့အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ် ထိုင်းအမျိုးသားဟာ မိန်းမ (၈) ယောက်ရဲ့ချစ်ခြင်းကို တပြိုင်တည်း ရယူထားနိုင်သူ တယောက်ပါ။

သူဟာ တက်တူးအားတစ် (Tattoo Artist) တယောက်ဖြစ်ပြီး မိန်းမအားလုံးကို တူညီတဲ့ချစ်ခြင်းတွေ ပေးထားနိုင်ပြီး အားလုံးကလည်း သဘောတူညီမျှ ပျော်ရွှင်ကြတယ်လို့ ပြောပါတယ်။

ပထမဆုံးဇနီးဖြစ်တဲ့ စပရိုက်နဲ့ လက်မထပ်ခင်ကတည်းက သူဟာ မြာပွေသူတယောက်ဖြစ်တဲ့အကြောင် ကြိုတင်ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုနဲ့ ဟောတယောက် … ဟောတယောက်ဆိုသလို တယောက်ပြီးတယောက် စုဆောင်းလာလိုက်တာ လောလောဆယ့် (၈) ယောက်မှာ ရပ်နေပါတယ်။

ရှစ်ယောက်ထဲကတယောက်ကတော့ ဒီလိုဘဝမှာ မပျော်ပိုက်တော့တဲ့အတွက် လော့ဘူရီမှာ ကျောင်းသွားတက်နေတယ်လို့ဆိုပါတယ်။ အဲဒီတယောက်လည်း တနေ့မှာ သူ့ဆီပြန်လာလိမ့်မယ်လို့ အောင်ဒန်ဆောရိုးက မျှော်လင့်နေပါတယ်။

သူ့ရဲ့ ပထမဆုံးဇနီးဖြစ်တဲ့ စပရိုက်ကတော့ သူတို့အားလုံးဟာ သူငယ်ချင်းတွေလို ညီအစ်မတွေလို ချစ်ချစ်ခင်ခင်ရှိကြတယ်လို့ အခုလို ပြောပါတယ်။

မိန်းမ (၇) ယောက် (၈) ယောက်ကို တပြိုင်တည်းယူထားတာဟာ ကုပ်ကမြင်းလုပ်တာထက်တော့ ပိုကောင်းကြောင်း၊ သူတို့မိသားစုကို အထင်သေးစော်ကားတာမျိုး မလုပ်သင့်ကြောင်း အခုလို ပြောပါတယ်။