မောင်တောမြို့နယ်အတွင်း ပိတ်မိနေသော ပြည်သူများကို AA ကယ်ထုတ်

Опубликовано: 12 Июль 2026
на канале: Red News Agency
663
18

မောင်တောမြို့အတွင်း ပိတ်မိနေသော ပြည်သူများကို AA ကယ်ထုတ်

RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။

ရက္ခိုင်ပြည်၊ မောင်တောမြို့ထဲတွင် ပိတ်မိနေသော ပြည်သူများနှင့် မောင်တောမြို့နယ်၊ ဗိုလ်မှူး(မူဆလင်)ရွာမှ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အာရက္ခတပ်တော်-AA က ကယ်ထုတ်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

မောင်တောမြို့နယ်၊ ဗိုလ်မှူး(မူဆလင်)ရွာမှ မူဆလင် သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် (၃၀၀) ခန့်ကို ဩဂုတ်လ (၈) ရက်နေ့က ကယ်ထုတ်နိုင်ခဲ့ပြီး မောင်တောမြို့တွင်းမှ ပိတ်မိနေသည့် ပြည်သူများကို ဩဂုတ်လ (၇) ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း၊ စစ်ကောင်စီနှင့် အပေါင်းအပါများသည် ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ််အသုံးပြုနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#rednewsagency #rednews #myanmar #revolution #aa