လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများ သိမ်းဆည်းရမိခဲ့သည့် ယနေ့ နံနက်တိုက်ပွဲ

Опубликовано: 14 Сентябрь 2026
на канале: Red News Agency
82,545
1.4k

လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများ သိမ်းဆည်းရမိခဲ့သည့် ယနေ့ နံနက်တိုက်ပွဲ

RNA_ဇူလိုင်(၁၇)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ (ပျူ) ရွာမှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူများကို တွင်းမရွာမြောက်ဖက်တနေရာ၌ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ အကျအဆုံးထိခိုက်မှုများပြီီး လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများသိမ်းဆည်းရမိသည့် တိုက်ပွဲ မြင်ကွင်း ရုပ်သံကို Young Force UG ကထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံများထံမှ RPG 7ဖူး - ၅ ဖူး၊ ပို့ယမ်း ၁၀ တောင့်၊ 60မမ - ၂ ဗူး ၊ ကာဘိုင်ကျည် အတောင့် - ၁၅၀၀ တောင့်၊ တော်ပီဒိုယမ်းအချောင်း - ၆ ချောင်း၊ ဆန် ၈ လုံး၊ ဖုန်း - ၂ လုံး နှင့် ဆေးပစ္စည်းအစုံ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းတိုက်ပွဲဲတွင် မြိုင် ပကဖ အမှတ်(၁) တပ်ရင်း၊ ပခုက္ကူခရိုင်အမှတ်(၂) တပ်ရင်း၊ မြိုင်ပကဖ တပ်ခွဲ (၁)၊ တပ်ခွဲ-၂(ဂဠုန်)၊ Myaing Warriors တပ်ဖွဲ့၊ PDF-Kamma (ကမ္မတပ်ပေါင်းစု) တို့ပါဝင်ခဲ့သည်ဟု မြိုင် ပကဖ ကထုတ်ပြန်ထားသည်။

#rednews #rednewsagency #pdf #myanmar #revolution #springrevolutionmyanmar