ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄) ကို ဒရုန်းဗုံးသီး (၁၀၀) ကျော်ဖြင့် တိုက်ခိုက်
RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပျဉ်းမကျေးရွာတွင်အနီးရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၄ အား ဒရုန်းဗုံးသီး (၁၀၀) ကျော်ဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇူလိုင်လ ၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ၏ လမ်းညွှန်မှုဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြိုင် ပကဖ ထံမှ သိရသည်။
ပေါက် ကပစ (၂၄) နှင့်အတူ ကပစ (၂၃)၊ ကပစများကို လျှပ်စစ်မီးပေးနေသော ထရမ်စဖော်မျာ တို့အား ဒရုန်းဗုံးသီး၊ ရော့ကတ်တို့ဖြင့် တိုက်ခိုက်သည့်အတွက် ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်သားများရှိသည့်နေရာများ၌ အနီးကပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးပစ်မှုများအပြင် လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကပစ (၂၄) အတွင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင်း ကျေးရွာ (၇) မှပြည်သူများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
ဇူလိုင် (၇) ရက်နေ့ တိုက်ပွဲတွင် မြိုင်ပကဖ၊ ပေါက်ပကဖ၊ ဦးလေးကြီး ရော့ကတ်တပ်ဖွဲ့၊ မိုးမိတ်ရော့ကတ်တပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ နှင်းကွေး ရော့ကတ်အဖွဲ့၊ မြိုင်/ပေါက် ဒရုန်းတပ်ဖွဲ့များ၊ BRAF Drone Team၊ ဗိုလ်လရောင်တပ်ဖွဲ့ (ပေါက်)၊ မွေပြွေးပြောက်ကျားတပ်ဖွဲ့ (ပေါက်မြို့နယ်) တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#rednewsagency #rednews #revolution #myanmar #pdf #spring #springrevolutionmyanmar #burma