စစ်ကောင်စီယာဥ်တန်းတိုက် စီးနင်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်း (၅) ဦးဖမ်းဆီးရမိ
RNA_ဩဂုတ်(၁၁)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ရေစကြိုမြို့သွားသော စစ်ကောင်စီယာဉ် (၃) စီးကို ကြားဖြတ်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၂၅) ဦးခန့်ထိ သေဆုံးပြီး (၅) ဦးအရှင် ဖမ်းဆီးရမိသည်ဟု Southern YSO PDF အဖွဲ့တာဝန်ခံ ကိုအောင်မောင်းထံမှ သိရသည်။
Southern YSO PDF အဖွဲ့ စစ်ကြောင်းမှ ဦးစီးကာ မဟာ မိတ်များဖြင့် စစ်ကောင်စီယာဉ်တန်းကို ဩဂုတ် ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်က တိုက်ခိုက်ခဲ့ကြောင်း၊ G3 သေနတ် ၄ လက်၊ G3 ကျည် ၃၀၀၊ ကာဘိုင်ကျည် ၅၀၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။။
#RedNewsAgency