မိုးကုတ်မြို့ ပြည်သူများက TNLA နှင့် မဟာမိတ်များကို ကြိုဆိုမှုမြင်ကွင်း

Опубликовано: 12 Июль 2026
на канале: Red News Agency
3,572
142

မိုးကုတ်မြို့ ပြည်သူများက TNLA နှင့် မဟာမိတ်များကို ကြိုဆိုမှုမြင်ကွင်း

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။

မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်ကို တိုက်ထုတ်ပြီးနောက် စစ်ကောင်စီကင်းစင်သည့် မြို့သွားချိန် မြို့နေပြည်သူများက တအာင်းတပ်မတော် TNLA နှင့် မဟာမိတ်များအား ယမန့်နေ့က ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွင် TNLA ဦးဆောင်သော မဟာမိတ်များက နောင်ချိုမြို့နှင့် မိုးကုတ်မြို့တိို့ကို သိမ်းပိုက်ထားနိုင်ပြီး TNLA နှင့် ပူးတွဲ တိုက်ပွဲဝင်နေသော မန္တလေး PDF ကလည်း စဉ့်ကူးမြို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း၊ MNDAA ဦးဆောင်သော မဟာမိတ်များက လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက် ၄ နာရီခန့်က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

#RedNewsAgency