Khit Thit သတင်းဌာန၏ မေ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 01 Октябрь 2024
на канале: Khit Thit Media
604,602
19k

Khit Thit သတင်းဌာန၏ မေ ၃၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာပြည်တွင်းမှာ VPN တွေ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနဲ့ မက်ဆင်ဂျာတွေ သုံးစွဲမရဖြစ်နေတယ်လို့ ရန်ကုန်နဲ့ မန္တလေးမှ ပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်း ဌာနကို ပြောပါတယ်။

- အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်မပြည့်သေးတဲ့လူငယ်တွေကို နိုင်ငံရေး ပုဒ်မတွေနဲ့ မတရားဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံထားတဲ့ ထောင် တွေမှာ ထား ထားပြီး အဲ့ဒီထောင်တွေထဲမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ မြန်မာ နိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က ပြောပါတယ်။

- ချင်းပြည်နယ်၊ မတူပီမြို့၊ အကြမ်းဖက်တပ်သားတွေ တပ်စွဲထားတဲ့ ခရိုင်ရုံးကို CDF – Matupi တပ်ရင်း ၂ က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။