Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 01 Ноябрь 2024
на канале: Khit Thit Media
794,446
26k

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ်စခန်းဌာနချုပ်ကို AA က သိမ်းပိုက်ရရှိတယ်လို့ မနေ့ညပိုင်းက ထုတ်ပြန်ကြေညာပါတယ်။

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့က အကြမ်းဖက်စစ်တပ်ကာကင်းစခန်းအားလုံးကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်ကျန်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး ငွေကြေး တောင်းရမ်းမှုတွေ ပိုများလာသလို ရှေ့တန်းမထွက်ရဘူးလို့ဆိုပြီး လိမ်လည်စည်းရုံးမှုတွေပါ လုပ်ဆောင်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။