Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 09 Июнь 2026
на канале: Khit Thit Media
1,421,405
43k

Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့လက်ထက်မှာ အနောက်နိုင်ငံကြီးတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် အထောက်အပံတွေ လျှော့ချခံရတဲ့ အပြင် နိုင်ငံပိုင် နိုင်ငံခြားငွေတွေကိုလည်း သုံးစွဲလို့ မရပဲဖြစ်နေတယ်ဆိုပြီး ပြောဆိုသွားပြန်တယ်လို့ သိရပါတယ်။

မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့ဝင် (TNLA) အပေါ် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီက ပေးပို့တဲ့ ခြိမ်းခြောက်စာဟာ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ရိုင်းရိုင်းပျပျ ခြိမ်းခြောက်စော် ကားမှုအဖြစ် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖြစ်ဖြစ် ၊ နိုင်ငံထဲက လူမျိုးတစ်မျိုးကိုပဲဖြစ်ဖြစ် ၊ မည်သူ့တိုင်း တပါးကမှ နိုင်ငံရေးအရရော စစ်ရေးအရပါ ခြိမ်းခြောက်ဟန့်တားပိတ်ပင်ပိုင်ခွင့်မရှိဘူးလို့ NUCC က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ ကျန်းမာရေးဌာနကို CDM ဝန်ထမ်းတွေနဲ့ ပြန်လည် လည်ပတ်နေပြီး ပညာရေးဌာနကိုလည်း မကြာမီ လည်ပတ်တော့မှာ ဖြစ်သလို ၊ တော်လှန်ရေးဘက်မှာ ရပ်တည်ခဲ့တဲ့ CDM ဝန်ထမ်းတွေ အားလုံး လုပ်ငန်းခွင် ဝင်မယ်ဆိုရင် စာရင်းပေးသွင်းနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။