Khit Thit သတင်းဌာန၏ စက်တင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 27 Октябрь 2024
на канале: Khit Thit Media
993,448
37k

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားတော်လှန်ရေးတပ်တွေ သိမ်းပိုက် ထားတဲ့ မြို့၊ ရွာတွေကို သတင်းရရှိမှု နဲ့ အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး လိုအပ်သလို တန်ပြန် ထိုးစစ်ဆင်မယ်ဆိုပြီး ယမန်နေ့က တောင်ကြီးမြို့ကို ရောက်တဲ့အချိန် ပြောသွားပြန်တယ်လို့ သိရပါတယ်။

မန္တလေးမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှု နောက်ဆက်တွဲအနေနဲ့ လပခ ဌာနချုပ်ထဲက ဒုတိယ အကြမ်းဖက် စစ်ခေါင်းဆောင် စိုးဝင်းရဲ့ ကိုယ်ရေး အရာရှိ ဗိုလ်မှူး ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၇ ဦးကတော့ အသီးသီး သေကုန်ကြပြီလို့ BWM အဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ ကိုယ်ရေးသတင်း အချက် အလက်တွေကို အွန်လိုင်းကနေ ထိန်းချုပ်စီမံခန့်ခွဲနိုင်တဲ့ NS-IMS စနစ်ကို အကောင်အထည် ဖော်နေပြီး အဲ့ဒီ့ စနစ်နဲ့ လူငယ်တွေကို ပိုမိုတင်းကျပ်လာနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။