Khit Thit သတင်းဌာန၏ စက်တင်ဘာ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အမျိုးသားညီညွတ်ရေးအစိုးရ-NUG အုပ်ချုပ်ရေးယန္တရားမှာ လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်မှုတွေနဲ့ လက်နက်အားကိုးပြီး ပြည်သူကို နိုင့်ထက်စီးနင်းလုပ်လိုသူတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ဖို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက သတိပေး ညွှန်ကြားလိုက်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က တောင်ကြီးမြို့ကို ရောက်ရှိလာတာကြောင့် တောင်ကြီးမြို့တစ်ခွင်နဲ့ တောင်ကြီးအတက်၊ အဆင်းလမ်းတွေမှာ လုံခြုံရေးအထူးတင်းကျပ်ထားခဲ့ကြောင်း ဒေသပြည်သူတွေနဲ့ စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။
မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ အမြောက်တပ် ၃၁၄ က ဗိုလ်မှူးနိုင်အောင်ထွန်းဟာ ရာထူးတိုးစာမေးပွဲ သွားရောက်ဖြေဆိုဖို့ နှုတ်ဆက်ပွဲပြုလုပ်ပြီးအပြန်မှာ ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။