Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 18 Октябрь 2024
на канале: Khit Thit Media
665,746
25k

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီပြဋ္ဌာန်းဖို့ရှိနေပြီး စစ်မှုထမ်းဖို့ ပျက်ကွက်တာနဲ့ တိမ်းရှောင်ဖို့ ကြိုးစားသူတွေကို ထောင်ဒဏ်ချမယ့်အပြင် စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ လူငယ်တွေ ပြည်ပထွက်ခွာရင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ရဲ့ ထောက်ခံစာလိုအပ်မယ်လို့ စစ်ကောင်စီရဲ့ ဥပဒေရေးရာဝန်ကြီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးတွေ အသုံးပြုပြီး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့ပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်စခန်းတွေကို 8+ အညာမြေစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ကာ စစ်တပ်လက်အောက်ခံ စည်ပင်ရုံး၊ ဥပဒေရုံးနဲ့ ကြံ့ဖွတ်ရုံးတို့ကို ဝင်ရောက် တိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။