Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 03 Ноябрь 2024
на канале: Khit Thit Media
813,389
29k

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင် လွိုင်ကော်မြို့ကို ရောက်တဲ့အချိန် တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လုံခြုံရေး စိတ်မချရဘူးဆိုပြီး လွိုင်ကော်တက္ကသိုလ်နဲ့ လေဆိပ် အပျက်အစီးတွေကို စစ်ဆေးမယ့် အစီအစဉ် ဖျက်သိမ်းပြီး တက်သုတ်ရိုက် ထွက်ခွာသွားတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ပြင်ဦးလွင်မြို့ အရှေ့ဘက် နောင်ချိုမြို့နယ်ထဲက တောင်ခမ်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမြောက်တပ်တွေကို TNLA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတဲ့တိုက်ပွဲမှာ TNLA တပ်တွေဟာ စစ်တပ်ကသိမ်းဆည်းရရှိထားတဲ့ သံချပ်ကာ ကား တွေကိုပါ အသုံးပြုတိုက်ခိုက်နေပြီး ၊ စစ်ကောင်စီဘက်က စစ်သားတွေရဲ့ အလောင်းတွေနဲ့ လက်နက်ရရှိမှု မှတ်တမ်းကိုပါ TNLA ကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

မကွေးမြို့ပေါ်မှာ အကြမ်းဖက် စစ်ကောင်စီက သူ့လက်အောက်ခံ စစ်မှုထမ်းဟောင်းတွေ ၊ Non-CDM ဝန်ထမ်းတွေ ၊ မီးသတ်တွေ နဲ့ ပျူစောထီးတွေကို ဒရုန်း နဲ့ UAV မောင်းနည်း သင်တန်းပို့ချရာမှာ တရုတ်တချို့က လာရောက် သင်ကြားပေးနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။