Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 06 Июнь 2026
на канале: Khit Thit Media
737,460
25k

Khit Thit သတင်းဌာန၏ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မန္တလေး နဲ့ တောင်ငူ နဲ့ ပဲခူးဘက်တွေမှာ ကေတုမတီ နန်းတော်၊ ရတနာပုံနန်းတော်၊ ကမ္ဘောဇသာဒီရွှေနန်းတော် အပါအဝင် နန်းတော်နေရာ ဟောင်းတွေကို သွားရောက်ပြီး နန်းတက် ယတြာချေတာတွေကို ဆက်တိုက်လုပ်ဆောင်သွားတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့အနီးမှာ အာရက္ခတပ်တော် AA နဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်အကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး ၊ စစ်ကောင်စီဘက်က စစ်သင်္ဘောတွေနဲ့ပါ တိုက်ခိုက်နေသလို ၊ တစ်ဖက်မှာလည်း စစ်တွေမြို့ထဲက Non CDM ဝန်ထမ်းတွေနဲ့ ပြည်သူတွေကိုပါ ထွက်ခွင့်မပေးပဲ စစ်တပ်က ပိတ်ဆို့ထားတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို အကြမ်းဖက် စစ်ကောင်စီက လေယာဉ်နဲ့ လာပြီး ဗုံးကျဲမှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။