Khit Thit သတင်းဌာန၏ ဇွန် ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ နဲ့ ပက်သက်ဆက်နွယ်တဲ့သူတွေ မဝင် ရောက်လာ ရေး နဲ့ မူးယစ်ဆေးဝါး သယ်ဆောင်မှု တားမြစ်ရေးတွေကို တော်လှန် ရေးပူးပေါင်းအဖွဲ့ တွေကနေ စစ်ဆေး ဆောင်ရွက်နေကြတယ်လို့ ကရင်နီပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ အဖြစ် မှတ်ပုံတင် အသစ် တင်ခိုင်းမှုကြောင့် Pact Myanmar လို့ခေါ်တဲ့ Pact Global Microfinance Fund ကုမ္ပဏီက လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီး ၊ အလုပ်နေရာ ၄၀၀၀ ကျော်ကို ဖြုတ်သိမ်း လိုက်တယ်လို့ သိရပါတယ်။
-စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ နဲ့ မြင်းဆည်ကျေးရွာ ကိုအကြမ်းဖက် စစ်ကောင်စီတပ်က ဇွန် လ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ဝင် ရောက်စီးနင်းတဲ့အချိန် လူ ၁၈ ဦးကို သတ် ဖြတ်ခဲ့ ရာကနေ ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာပဲ ရုပ်အလောင်း ၂ လောင်းထပ်မံ တွေ့ရှိရတဲ့တွက် စုစုပေါင်းအသတ်ခံရသူ ဟာ အယောက် ၂၀ ရှိလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။