Khit Thit သတင်းဌာန၏ ဩဂုတ် ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရန်ကုန်ရောက် ကျားဖြန့် တရုတ်တွေက ရန်ကုန်တိုင်း အခြေပြု ၁၂/ မြန်မာ နိုင်ငံသားမှတ်ပုံတင်တွေကို ငွေကျပ် သိန်းရာထောင်ချီပေးပြီး ပြောင်းလဲကိုင်ဆောင်နေကြပြီး ရန်ကုန်တိုင်းအတွင်း နေရာအနှံ့အပြား ကျားဖြန့်ဟိုတယ်တွေနဲ့ လောင်းကစား၀ိုင်းတွေကို ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာနေကြတယ်လို့ တပ်သတင်းရင်းမြစ်တွေနဲ့ စီးပွားရေးအသိုင်းအ၀ိုင်းဆီက သိရပါတယ်။
လိင်တူအချင်းချင်း ချစ်ကြိုက်တဲ့ ဇာတ်လမ်း Boys’ Love ၊ Girls’ Love စာအုပ်တွေ ရောင်းချတဲ့ Facebook Page တွေကို အရေးယူမယ်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
-ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ပက ပစ္စည်းသယ်ယူလာတဲ့ ခရီးသည်တွေနဲ့ Air Cargo လုပ်ငန်းလုပ်ကိုင်သူတွေကို စစ်ဆေးမှုတွေ တင်းကျပ်ကာ အခွန်ကောက်ခံမှုတွေ ဆက်တိုက်လုပ် ဆောင်လာတယ်လို့ သိရပါတယ်။
ပါကစ္စတန်နဲ့ ကူဝိတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမယ့် ကာကွယ်ရေးသဘောတူညီချက်အသစ်တစ်ရပ်ကို ဩဂုတ် ၂၇ ရက်က ပါကစ္စတန်နိုင်ငံ ရာဝယ်လ်ပင်ဒီမြို့မှာ လက်မှတ်ရေးထိုးလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။