Khit Thit သတင်းဌာန၏ ဩဂုတ် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက ပြည်လုံးကျွတ် ညီလာခံ ခေါ်ယူမှာဖြစ်ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကို ပြန်လည် ဖွဲ့စည်းဖို့လုပ်နေတယ်လို့ ကြံဖွတ်ပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မြန်မာနိုင်ငံကနေ ရိုဟင်ဂျာ ၅ သိန်း ၄ သောင်းသာ ထွက်ပြေးခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ် လက်အောက်ခံ နိုင်ငံခြားဝေန်းကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ပယ်ချလိုက်ပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လက်ပကျင်း ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး အသက် ၂၅ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ အမျိုးသား ၁၆ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစ္စရေးနိုင်ငံရဲ့ လက်ယာစွန်း အမျိုးသားလုံခြုံရေး ဝန်ကြီး အီတာမာ ဆိုသူက ဂါဇာဒေသမှာ ညတိုင်း ပါလက်စတိုင်း အယောက် ၃၀ ကနေ ၄၀ လောက်အထိ သတ်ဖြတ်သင့်တယ်လို့ ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။