Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 10 Октябрь 2024
на канале: Khit Thit Media
695,630
23k

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်မြို့၊ လားရှိုး နဲ့ ကွတ်ခိုင် မြို့နယ်တွေမှာရှိတဲ့ အကြမ်းဖက် စစ်တပ် စခန်း နဲ့ ရဲစခန်း အပါအဝင် စခန်းပေါင်း ၅ ခုကို TNLA ကနေ ထပ်မံ သိမ်းပိုက်လိုက်ပြီး ၊ စစ်ကောင်စီတ်ပဖွဲ့ဝင် ၇ ဦးကို အရှင်ဖမ်းမိထားတဲ့အပြင် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က ခမ်းပတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ PDF တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေပြီး မြို့ကို PDF တပ်ပေါင်းစုကနေ ဆက်လက် ထိန်းချုပ်ထားတဲ့အပြင် ၊ အကြမ်းဖက် စစ်တပ်ကိုပါ နှစ်ဖက်ညှပ် ပိတ်ဆို့ထားနိုင်တယ်လို့ တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင် အိမ်ရာအနီးက ကြံ့ဖွတ် ပါတီရုံးကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။