Khit Thit Afternoon News | 19 August 2026

Опубликовано: 06 Сентябрь 2026
на канале: Khit Thit Media
241,974
8.1k

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး၊ LNG တင်ပို့ရေး၊ စက်မှုလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေအပြင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်သွားမယ်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပါတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းနဲ့ ခြေလျင်ကင်းပုန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့တို့မှာ အကြမ်းဖက် စစ်တပ်နဲ့ ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်တွေက ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာ အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေ လက်ရှိမှာ မလုပ်နေသလို အနာဂတ်အတွက်လည်း ဆွေးနွေးဖို့ စီစဉ်ထားတာ မရှိဘူးလို့ ပြောတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။