Khit Thit သတင်းဌာန၏ ဇူလိုင် ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရန်ကုန်မြို့က အင်းစိန်ခရိုင်အုပ်ချုပ်ရေးမှူး ရဲထွန်းဇော် ဆိုသူက လူမိုက်တွေနဲ့ ဂိုဏ်းဖွဲ့ပြီး ၊ ကျားဖြန့် တရုတ်တွေကို ဆက်ကြေးတောင်းပြီး လက်ခံထားသလို ၊ လိုင်စင်မဲ့ကားစီးပြီးတော့ပါ အနိုင်ကျင့် ဗိုလ်ကျအဂတိလိုက်စားနေတာတွေအတွက် "တိုင်ချင်ရာတိုင်" ဆိုပြီးတော့ပါ စိန်ခေါ် ထားတယ်လို့ သူ့ကိုတိုင်ထားတဲ့ ဌာနတွင်း တိုင်ကြားစာအရသိရပါတယ်။
ရန်ကုန်မြို့မှာ အလုပ်အကိုင်ရမယ်ဆိုပြီး လှိုင်သာယာမြို့နယ်က အသက် ၁၆ နှစ်ကနေ ၁၉ နှစ်အရွယ် မောင်နိုင်ထက်အောင် ၊ မောင်ဝိုင်းချစ်နဲ့ မောင်ဝသံမိုး ဆိုသူတို့ လူငယ် ၃ ဦး ပေါ်တာဆွဲခေါ်သွားခံရပြီး ပျောက်ဆုံးနေသလို ၊ မန္တလေးမြို့မှာလည်း လူငယ် ၁ ဦးကို လိမ်လည်ခေါ်ခံရပြီးနောက် စစ်မှုထမ်း သင်တန်းကျောင်း ပို့ဆောင်ခံလိုက်ရတယ်လို့ သက်ဆိုင်ရာ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာပါတယ်။
NUG – PDF စစ်ရုံးချုပ်က နိုင်ငံတစ်ဝှမ်း စစ်ဆင်ရေးနယ်မြေအသီးသီးမှာ FPV ဒရုန်း တိုက်ခိုက်မှု ရုပ်သံမှတ်တမ်း တချို့ကို ပြည်သူတွေဆီ ထုတ်ပြန်ဖော်ပြလာပါတယ်။
အီရန်စစ်ပွဲ အရှိန်လျော့လာနိုင်တဲ့ မျှော်လင့်ချက်ကြောင့် ရေနံဈေး ၅ ရာခိုင်နှုန်းကျပြီး နှစ်ပတ်အတွင်း အနိမ့်ဆုံးပြန်လည်ရောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်