Khit Thit သတင်းဌာန၏ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 18 Июнь 2026
на канале: Khit Thit Media
906,294
28k

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ လောက်ကိုင် ဒေသကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်းကို စစ်ကောင်စီက သေဒဏ် ချမှတ်လိုက်ပြီး ၊ အလယ်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကြည်ခိုင်ကိုလည်း စစ်တပ်ကနေ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီလို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

-မြန်မာနိုင်ငံတစ်ဝန်းမှာ K-Pay၊ AYA Pay နဲ့ Wave Money အပါအဝင် Online Payment တွေအတွက် ငွေသားထုတ်ယူမှုတွေမှာပါ ရာခိုင်နှုန်းနဲ့ ပေးနေရတဲ့အပြင် ၊ စျေးဆိုင်တွေ နဲ့ ဝန်ဆောင်မှုကုမ္ပဏီတွေ ကလည်း ငွေသားပဲ လက်ခံတော့ပြီး ဒီဂျစ်တယ်ပေးချေမှုတွေကို လက်မခံတဲ့အခြေနေတွေ ဖြစ်နေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ တောက်လျှောက်လုပ်နေပြီး ၊ အဖမ်းခံရတဲ့လူငယ်တွေကို မိတ္တီလာ တပ်မ ၉၉ ထဲ တခါတည်းပို့ ဆောင်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။