Khit Thit သတင်းဌာန၏ ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Опубликовано: 04 Август 2026
на канале: Khit Thit Media
1,344,706
43k

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၁၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်ဗိုလ်ချုပ်တွေ အကြား အာဏာလုယူမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ အတည်မပြုနိုင် သေးတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လည်း ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့ မွန်းတည့်ချိန်မှာ နေပြည်တော်လေဆိပ်ကို ဆိုက်ရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ PDF တပ်ဖွဲ့တွေဆီကို ကျည်ဆန်ရောင်းစားမှု အပါအဝင် ပြစ်မှုများစွာနဲ့ ဂန့်ဂေါမြို့ လုံခြုံရေးတာဝန်ခံ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးမျိုးဝင်းသူ ဆိုတဲ့သူကို စစ်ကောင်စီတပ်ကပဲ ပြန်ပြီး ဖမ်းဆီးလိုက်ပြန်တယ်လို့ ဒေသခံ သတင်းရင်းမြစ် ယောအလင်းတန်းရဲ့ ကိုဘကောင်းက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

-ရန်ကုန်မြို့က စက်သုံးဆီဆိုင်အများစုမှာ စက်သုံးဆီတွေ ပြတ်လပ်နေပြီး ဆိုင်တချို့လည်း ပိတ်ထားကြပြီဖြစ်သလို ၊ ဆီရနေသေးတဲ့ ဆိုင်တွေမှာတော့ ကားတန်းရှည်ကြီးတွေ ဖြစ်နေတဲ့အတွက် လမ်းတွေပါ ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။